အကောင်းဆုံးပုံစံရနေတဲ့ချဲလ်ဆီးပဲအိမ်ကွင်းမှာ အနိမ့်ဆုံး သရေကစားသွားဦးမှာပါ
Diamond Seven – Tipster
ယခုတစ်ပတ်ရဲ့တနင်္ဂနွေည အကြိုက်ဆုံးအပိုင်တစ်ကွက်ရွေးချယ်မှုကိုဒီတစ်ပတ်ရဲ့အကောင်းဆုံးပွဲဖြစ်တဲ့ချဲလ်ဆီး-အာဆင်နယ်ပွဲကနေရွေးချယ်ပေးချင်ပါတယ်။
ချဲလ်ဆီး
ချန်ပီယံလိဂ်မှာဘာစီလိုနာကို ဂိုးပြတ်နိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း စပါး၊ ဝုဗ်၊ဘန်လေတို့ကို ၃ပွဲဆက်တိုက်အနိုင်ရခဲ့တဲ့ ချဲလ်ဆီးရဲ့ခြေစွမ်းက တကယ်လန်းနေတာပါ။ အဲဒီနိုင်ခဲ့တဲ့၄ပွဲလုံးမှာလည်းပေးဂိုးလုံးဝမရှိခဲ့တဲ့အထိချာလိုဘတ်၊ ဖိုဖာနာ တို့ကိုပွဲထုတ်နေတဲ့ခံစစ်စွမ်းဆောင်ရည်က အကောင်းဆုံးပုံစံပြသနိုင်ခဲ့ပါတယ်။ ခံစစ်ပိုင်းတောင့်တင်းသလိုကိုင်စီဒိုနဲ့အန်ဇိုဖာနန်ဒက်ဇ်တိုရဲ့ကွင်းလယ်ကလည်းတိုက်စစ်ပိုင်းကို ပံ့ပိုးပေးနိုင်တာမို့ ဂျာအိုပီဒရို၊ပက်ဒရိုနီတို တို့ ဂိုးတွေကောင်းကောင်းသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ရှေ့၊ လယ်၊ နောက်ပုံစံကောင်းရနေတဲ့ ချဲလ်ဆီးအနေနဲ့ အိမ်ကွင်းမှာအာဆင်နယ်ကို ကောင်းကောင်းယှဉ်ကန်နိုင်စွမ်းအပြည့်ရှိတာသိသာပါတယ်။
အာဆင်နယ်
အာဆင်နယ်ကနိုင်ပွဲဆက်နေခဲ့ပေမယ့်အိမ်ကွင်းခြေစွမ်းနဲ့ အဝေးကွင်းခြေစွမ်းပိုင်းကတော့ သိသိသာသာကွာပါသေးတယ်။ အဝေးကွင်းနောက်ဆုံးပွဲမှာလည်း ဆန်းဒါးလန်းကို သရေသာကစားနိုင်ခဲ့သလို အာဆင်နယ်နိုင်ခဲ့ရင်လည်းဂိုးပြတ်တာက ရှားပါးတယ်။ ဂါဘရီရယ်မပါနိုင်တဲ့ခံစစ်ပိုင်းကလည်း လစ်ဟာမှုရှိနေတာမို့ ချဲလ်ဆီးကွင်းမှာခက်ခက်ခဲခဲရုန်းရဦးမှာပါ။
ခန့်မှန်းချက်
အာဆင်နယ်က အဝေးကွင်းမှာ -၆၀ အကျောပေးထားပါတယ်။ ဒါပေမဲ့ ကွင်းတွင်းခြေစွမ်းပိုင်းမှာတော့ ချဲလ်ဆီးမနိမ့်တာသေချာနေပါတယ်။ အိမ်ကွင်းဆို ကစားပုံပိုကောင်းမွန်ပြီးတစ်ဖက်အသင်းကို အသာစီးယူကစားနိုင်စွမ်းလည်းအပြည့်ရှိပါတယ်။ထိပ်တိုက်တွေ့ဆုံမှုအိမ်ကွင်းနောက်ဆုံး ၂ပွဲဆက်လည်း ချဲလ်ဆီးသရေကစားနိုင်ခဲ့တာပါ။လတ်တလောခြေစွမ်းပိုင်းအကောင်းဆုံးပုံစံရနေတဲ့ချဲလ်ဆီးပဲအိမ်ကွင်းမှာအနိမ့်ဆုံး သရေကစားသွားဦးမှာပါ။
