အနိုင်သေချာပြီး ဂိုးပြတ်၊မပြတ်ကိုသာစောင့်ကြည့်ရနိုင်တာမို့အိမ်ရှင်ကိုပဲရွေး
Diamond Seven – Tipster
ယခုတစ်ပတ်ရဲ့တနင်္ဂနွေညအကြိုက်ဆုံးအပိုင်တစ်ကွက်ရွေးချယ်မှုကိုဒီတစ်ပတ်ရဲ့အကောင်းဆုံး တစ်ပွဲဖြစ်တဲ့အာဆင်နယ်-စပါးပွဲကနေ ရွေးချယ်ပေးချင်ပါတယ်။
အာဆင်နယ်
နောက်ဆုံးကစားခဲ့တဲ့ပွဲမှာဆန်းဒါးလန်းကိုမထင်မှတ်ဘဲသရေကျခဲ့တာမို့ဒုတိယနေရာက မန်စီးတီးနဲ့ အာဆင်နယ် ၄မှတ်သာ ကွာပါတော့တယ်။ ဒါကြောင့် အခုလိုအိမ်ကွင်းပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းနဲ့ နိုင်ပွဲပြန်လည်ရယူပြဖို့ နည်းပြအာတီတာနဲ့ အာဆင်နယ်တစ်သင်းလုံးအစွမ်းကုန်ကြိုးစားလာမှာ သေချာပါတယ်။ တိုက်စစ်မှာလည်း ဆာကာ၊ မာတီနယ်လီ၊ မီရီနို၊ယိုကီရက်စ်တို့နဲ့လူစုံတာမို့ အာဆင်နယ်ဂိုးမရမှာလည်း မပူရပါဘူး။ ဇူဘီမန်ဒီနဲ့ ဒီကလန်ရိုက်တို့ကို အသုံးပြုနေတဲ့ ကွင်းလယ်ပိုင်းကလည်း တစ်ပွဲထက်တစ်ပွဲ ပိုပြီးတည်ငြိမ်နေတာမို့ စပါးခံစစ်ပိုင်းကိုထိထိရောက်ရောက်ထိုးဖောက်နိုင်မှာသေချာပါတယ်။
စပါး
စပါးက ခြေစွမ်းမှန်မရသေးဘဲ နောက်ဆုံး၄ပွဲမှာလည်း အဲဗာတန်နဲ့ ၁ပွဲသာနိုင်ခဲ့ပြီး ၂ပွဲရှုံးခဲ့ပါတယ်။ ကိုလိုမူအာနီနဲ့ ဇာဗီဆီမွန်တို့ကခြေစွမ်းမှန်မရသေးတာမို့စပါးတိုက်စစ်မှာရစ်ချာလီဆန် တစ်ဦးတည်းကိုအားကိုးနေရပုံနဲ့အာဆင်နယ်ကွင်းမှာလည်း မလွယ်လှပါဘူး။ဒီရာသီ အသင်းကြီးတွေနဲ့ တွေ့ဆုံမှုမှာလည်း စပါးရလဒ်မကောင်းခဲ့ဘဲ မန်ယူနဲ့ ဘရိုက်တန်ကိုသရေ၊ ချဲလ်ဆီး၊ဗီလာနဲ့ ဘုန်းမောက်တို့ကို ရှုံးနိမ့်ခဲ့ပြီး မန်စီးတီးနဲ့ ၁ပွဲသာအနိုင်ရခဲ့ပါတယ်။
ခန့်မှန်းချက်
အာဆင်နယ်က ၁-၅၀ အထိ ကြေးပြင်းဖွင့်လှစ်ထားပါတယ်။ လက်ရှိခြေစွမ်းပိုင်းအရရောအိမ်ကွင်းကစားအားအရမ်းကောင်းတဲ့အနေအထားအရအာဆင်နယ်အခုလိုကြေးပေးတာ ဖြစ်သင့်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်းပြတ်ပြတ်သားသား အသာရခဲ့တဲ့ အာဆင်နယ်အနေနဲ့ အခုအိမ်ကွင်းပွဲစဉ်မှာလည်းအနိုင်သေချာပြီး ဂိုးပြတ်၊ မပြတ် ကိုသာစောင့်ကြည့်ရနိုင်တာမို့အိမ်ရှင်ကိုပဲရွေးချယ်ထားချင်ပါတယ်။
