#ဇောင်းးးးး
#ဇဝန
ဇောင်းးးဆိုတာ ဖြစ်သင့်၊ဖြစ်ထိုက်တဲ့ ရိုက်ကွက်တွေကိုသုံးသပ်မိတ်ဆက်ပေးထားတာပါ။ ဖြစ်သင့်၊ဖြစ်ထိုက်တယ်လို့ ညီအစ်ကိုတွေအားလုံးရဲ့ စိတ်ထဲမှာ ခံစားမိမှဇောင်းးးကို စိတ်ကြိုက်ပုံအောလိုက်ပါ။
#ဇောင်းးးဟာ #ဇောင်းးးးးပါပဲ။
စနေညအတွက် မိတ်ဆက်ပေးခဲ့ချင်တဲ့ ပွဲစဉ်ကတော့(အက်စ်တွန်ဗီလာ~နယူးကာဆယ်) ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲစဉ်အတွက် (အက်စ်တွန်ဗီလာ)အသင်းက=-၄၀အရှုံး အကျောပေးထားပြီး ဂိုးပေါင်းစျေးကွက်၃+၁၅အနိုင် ဖွင့်လှစ်ပေးထားပါတယ်။ စျေးကွက်အမြင်တစ်ခုအနေနဲ့ ကြည့်လိုက်ရင်တော့(အက်စ်တွန်ဗီလာ)အသင်းရဲ့ အကျောပေးမှုဟာချိုသာလွန်းနေပြီး ဂိုးပေါင်းစျေးကွက်ဖွင့်လှစ်မှုကတော့ ရဲတင်းလွန်းနေတယ်လို့ ဆိုရမှာပါ။ (အက်စ်တွန်ဗီလာ)အသင်းရဲ့ အိမ်ရှင်အဟန့်မှာ=-၄၀အရှုံး ဖွင့်လှစ်မှုဟာ ချိုသာလွန်းနေတယ်ဆိုပေမယ့်ရာသီအစ တာထွက်ပွဲစဉ်တွေမှာတော့ ဘော်ဒီစျေးကွက်အခင်းအကျင်းတွေဟာ ကြေးမှန်၊စျေးမှန်တွက်ဖို့ဘွတ်မိတ်ကာတွေကိုယ်တိုင် ဖြစ်နိုင်ခြေများတာကိုပဲဒေါက်ပြုဖွင့်လှစ်ပေးတာမို့ (အက်စ်တွန်ဗီလာ)အသင်းရဲ့အကျောပေးမှု =-၄၀အရှုံးဟာ ပျော့ပျောင်းလွန်းနေတယ်လို့ မဆိုနိုင်ပါဘူး။
ဒီရာသီခြေစမ်းပွဲစဉ်တွေအဖြစ်နောက်ဆုံး(၈)ပွဲမှာလည်း (အက်စ်တွန်ဗီလာ)အသင်းစျေးကွက်အောင်မြင်ခဲ့တာဆိုလို့ (၂)ပွဲတည်းသာရှိခဲ့ပြီး (၆)ပွဲအထိ စျေးကွက်ကျဆုံးထားခဲ့တာမို့(အက်စ်တွန်ဗီလာ)အသင်းရဲ့ အိမ်ရှင်အဟန့်မှာ=-၄၀အရှုံး ခင်းကျင်းထားမှုဟာ သင့်တင့်မျှတတယ်လို့ ကောက်ချက်ဆွဲမိပါတယ်။ ဒီပွဲစဉ်မှာထူးခြားလွန်းနေတာကတော့ ဂိုးပေါင်းစျေးကွက်၃+၁၅အနိုင် ဖွင့်လှစ်ထားမှုပါပဲ။ (အက်စ်တွန်ဗီလာ)အသင်းရဲ့ တိုက်စစ်အင်အားနဲ့ သွင်းဂိုးနုန်းကကျဆင်းသွားခြင်းမရှိပေမယ့် (နယူးကာဆယ်)အသင်းရဲ့တိုက်စစ်အားက သိသိသာသာ ကျဆင်းနေပါတယ်။
(နယူးကာဆယ်)အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး(၁၀)ပွဲမှာ (၁)ဂိုးအထက် ပိုသွင်းနိုင်ခဲ့တာဆိုလို့(၃)ပွဲတည်းသာရှိခဲ့ပြီး တစ်ဖက်ပိတ်စရိုက်အရ(ဂိုးအောက်)ဘက် ယိမ်းထိုးချင်နေတဲ့အသင်းလို့ ဆိုရပါမယ်။ ဒီအနေအထား ဒီအချက်အလက်တွေကြားမှာ (အက်စ်တွန်ဗီလာ)အသင်းရဲ့ တစ်ဖက်ပိတ်သွင်းဂိုးတွေကိုပဲ အဓိကမျှော်လင့်နေရမယ့်အကွက်မှာဂိုးပေါင်းစျေးကွက် ၃+၁၅အနိုင်နဲ့ (ဂိုးပေါ်)ဘက်ပုံအောဖို့ဆိုတာ ဖိုက်တာတွေ လက်တွန့်နေကြရမယ့် စျေးကွက်ခင်းကျင်းမှု ဖြစ်နေပါတယ်။
ပြိုင်ဘက်နှစ်သင်းစလုံး သွင်းဂိုးရဖို့ သေချာသလောက်ရှိနေပြီး လုပ်နိုင်စွမ်းအရလည်း ပိုပြီးအားသာချက်ရှိတဲ့(အက်စ်တွန်ဗီလာ)အသင်းကို အကြိုက်တွေ့မိပါတယ်။ကျနော့်အနေနဲ့ ဒီပွဲစဉ်မှာ (အက်စ်တွန်ဗီလာဘော်ဒီ)ကိုကာဗာယူပြီး (ဂိုးပေါ်)ဘက် အဓိကပုံအောကြဖို့ရဲရဲဝံ့ဝံ့နဲ့ ညွှန်းပေးခဲ့ချင်ပါတယ်။
