Posted in

တီကိုအနိုင်ကအနိမ့်ဆုံး ၂ဂိုး

တီကိုအနိုင်က အနိမ့်ဆုံး ၂ဂိုး၊ ၃ဂိုးပြတ်သွားမှာပါ
Diamond Seven – Tipster
ယခုတစ်ပတ်တနင်္ဂနွေအကြိုက်ဆုံးအပိုင်တစ်ကွက်ကိုလာလီဂါပွဲစဉ်များထဲမှဗယ်လီကာနို-အက်သလက်တီကိုပွဲကနေ ရွေးချယ်ပေးချင်ပါတယ်။
ဗယ်လီကာနို
လာလီဂါနောက်ဆုံး ၃ပွဲဆက်ရှုံးနိမ့်ပြီးတန်းဆင်းဇုန်ထဲရောက်နေတဲ့ဗယ်လီကာနိုရဲ့ခြေစွမ်းကအားရစရာမရှိပါဘူး။ အဓိကအားနည်းချက်ကခံစစ်ပိုင်းဖြစ်ပြီးဒီရာသီဗယ်လီကာနို ဂိုးပြန်မပေးခဲ့ရတဲ့ပွဲက မရှိသလောက်ကိုရှားတာပါ။  အိုဆာဆူနာ၊ ဆဲလ်တာ၊ အယ်ချီတို့လို အသင်းမျိုးတွေနဲ့တောင်တစ်ပွဲ  ၃ဂိုး၊ ၄ဂိုးနီးပါးပေးနေရတဲ့ အနေအထားမှာအက်သလက်တီကို  တိုက်စစ်ကိုခံကန်နိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တာသိသာလှပါတယ်။
အက်သလက်တီကို
ကြားရက်စပိန်ကိုပါဒယ်ရေးဖလားမှာဘာစီလိုနာကို ၄-ဝနဲ့ ဂိုးပြတ်အနိုင်ယူပြခဲ့တဲ့ အက်သလက်တီကိုခြေစွမ်းကထူးရှယ်ပါပဲ။ လာလီဂါမှာလည်းချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဗီလာရီးရဲလ်၊ ဘက်တစ်တို့နဲ့အပြိုင်ဖြစ်နေတဲ့အနေအထားမှာ အက်သလက်တီကိုလုံးဝအမှားခံလို့မရတာမို့အခုလိုပွဲမျိုးမှာ   သေချာပေါက်နိုင်ပွဲရယူထားဖို့အထူးအရေးကြီးလှပါတယ်။ ဂရစ်ဇ်မန်းနဲ့အယ်ဗာရက်ဇ်တို့တိုက်စစ် အတွဲမိနေသလိုဆီမြွန်နီ၊ကိုကီနဲ့ လွတ်ခ်မန်းတို့ရဲ့တောင်ပံတွေက ထိုးဖောက်မှုတွေကလည်း ဗယ်လီကာနို ခံစစ်ပိုင်းကို မပြိုပြိုအောင် ဖြိုနိုင်စွမ်းအပြည့်ရှိပါတယ်။
ခန့်မှန်းချက်
အက်သလက်တီကိုကအဝေးကွင်းဖြစ်ပေမယ့် ၁+၈၀ ထိ အကျောပေးထားပါတယ်။ လက်ရှိခြေစွမ်းပိုင်းအရလည်းအက်သလက်တီကိုအနေနဲ့ တစ်ပွဲလုံး အသာစီးကစားနိုင်မယ်ဆိုတာပြေးကြည့်နေစရာတောင် မလိုပါဘူး။ ဂရစ်ဇ်မန်းတို့တိုက်စစ်အလုပ်ဖြစ်သွားမယ်ဆိုရင်တီကိုအနိုင်က အနိမ့်ဆုံး ၂ဂိုး၊ ၃ဂိုးပြတ်သွားမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *