Posted in

Super Zay ရဲ့တနင်္ဂနွေညရွေးချယ်မူ

SUNDAY ONE SHOT/ONE TARGET (Super Zay)
*************************************************
ONE SHOT/ONE TARGET ဆိုတာဖွင့်လှစ်မှုနဲ့ ခြေစွမ်းအရ ဖြစ်နိုင်ခြေအရှိဆုံး ပစ်မှတ်ပွဲတစ်ပွဲကို ရွေးထုတ်တဲ့အစီအစဉ်လေးပါ။ ဒီတစ်ပတ်မှာ တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းကို အက်သလက်တီကိုနဲ့ဘက်တစ်တို့ရဲ့လာလီဂါပွဲက ရွေးချယ်ထားပါတယ်။ တစ်ပတ်အတွင်းမှာပဲ ၂ ကြိမ်ဆက် ထိပ်တိုက်ရင်ဆိုင်ကြတဲ့ အသင်းနှစ်သင်းရဲ့တွေ့ဆုံမှုလို့ ဆိုရင်လည်း မမှားပါဘူး။ ကြားရက်
စပိန်ဘုရင့်ဖလားကွာတားတုန်းကတော့ အက်သလက်တီကိုဟာ အဝေးကွင်းမှာတောင်ဘက်တစ်ကို ၅ ဂိုးပြတ်သွင်းထားပါတယ်။

တကယ်တော့ လာလီဂါမှာ သူတို့ဟာ အဆင့် ၃ နဲ့ ၅ ဆိုပေမယ့် တီကိုနဲ့ဘက်တစ်ကြားမှာ ၁၀ မှတ်တောင် ကွာဟတာပါ။ လက်ရှိရလဒ်ပိုင်း မတည်ငြိမ်တာချင်းတော့ တူပေမယ့် အသင်းကြီးနဲ့အလယ်အလယ်အသင်းကောင်းဆိုတဲ့ကွာဟမှုတော့ ရှိနေတယ်။ ဒါ့အပြင် ဒီနှစ် ဇန်နဝါရီအပြောင်းအရွှေ့မှာ လွတ်ခ်မန်းရောက်လာလို့ တီကိုတိုက်စစ်က ပိုကောင်းသွားပေမယ့် တစ်ဖက်မှာတော့ဘက်တစ်က ဒဏ်ရာပြသနာများစွာနဲ့ပါ။ အဲဒါကြောင့်လည်း ကြားရက်တုန်းကတီကိုဟာဘက်တစ်ကွင်းမှာ အများကြီးတောင် အားမထုတ်လိုက်ရပါဘူး။

ဒီရာသီ လာလီဂါမှာလည်း တီကိုကလည်း အိမ်ကွင်းအကောင်းဆုံးအသင်းဖြစ်နေပြီး အိမ်ကွင်း မရှုံးသေးသလို အိမ်ကွင်းပွဲတိုင်းနီးပါး နိုင်ထားတာပါ။ ထိပ်တိုက်တွေ့ဆုံမှု အစဉ်အလာကြည့်တော့လည်း ဘက်တစ်ဟာ တီကိုရဲ့အိမ်ကွင်းငယ်နိုင်လို ဖြစ်နေပါတယ်။ အဲဒါကြောင့်လည်း ဒီပွဲအတွက် တီကိုရဲ့အကျောပေးမှုဟာ မူလ ၁+၂၅ ကနေ ၁-၃၀ အထိ မြင့်တက်လာတာပါ။ ဒီပုံအတိုင်းဆို အိမ်ကွင်း ပြန်ဧည့်ခံချိန်မှာလည်း ၂ ဂိုးပြတ်နိုင်စွမ်း ရှိတာကြောင့်တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းအဖြစ် အက်သလက်တီကိုကိုရွေးချယ်ပေးလိုက်ပါတယ်။
ရွေးချယ်မှု – အက်သလက်တီကို

Leave a Reply

Your email address will not be published. Required fields are marked *