Posted in

D7 ရဲ့တနင်္ဂနွေညရွေးချယ်မူ

ဘာစီလိုနာတစ်သင်းလုံးရဲ့ အိမ်ကွင်းခြေကုန်ထုတ်မယ့်ပွဲက အနိမ့်ဆုံး ၂ဂိုးပြတ်မှာပါ
Diamond Seven – Tipster
ယခုတစ်ပတ်ရဲ့တနင်္ဂနွေည အကြိုက်ဆုံးအပိုင်တစ်ကွက်ရွေးချယ်မှုကို  စပိန်လာလီဂါပွဲဖြစ်တဲ့ဘာစီလိုနာ-အယ်ချီပွဲကနေ ရွေးချယ်ပေးချင်ပါတယ်။
ဘာစီလိုနာ
မဟာပြိုင်ဘက်ရီးရဲလ်ကို ရှုံးနိမ့်ခဲ့တာမို့ဘာစီလိုနာထပ်အမှားခံလို့မရတော့ပါဘူး။ ဒါကြောင့်အခုအိမ်ကွင်းပွဲမှာအယ်ချီကို အနိုင်ရယူဖို့အစွမ်းကုန်ပြင်ဆင်လာတော့မှာသေချာပါတယ်။ ဘာစီလိုနာမှာ ပီဒရီ၊ ဂါဗီ၊ အိုလ်မို၊ရာဖင်ဟာတို့လိုကစားသမားတွေဒဏ်ရာရနေပေမယ့်လည်း လာမိုင်းယာမယ်၊ ရက်ရှ်ဖို့ဒ်၊ဖာရန်တောရက်စ်၊ လီဝန်ဒေါစကီးတို့နဲ့တောင့်တင်းမှုအပြည့်ရှိနေဆဲမို့ အယ်ချီခံစစ်ကိုလည်းကောင်းကောင်းထိုးဖောက်နိုင်ဦးမှာပါ။ ဒီရာသီလာလီဂါအိမ်ကွင်းရာနှုန်းပြည့်နိုင်ပွဲရယူထားနိုင်သလို တစ်ပွဲ ၂ဂိုးနဲ့အထက်သွင်းယူနိုင်ခဲ့တဲ့တိုက်စစ်ကလည်း ဂိုးမရမှာ မပူရပါဘူး။
အယ်ချီ
ဒီရာသီ လာလီဂါမှာ အဝေးကွင်းနိုင်ပွဲမရသေးတဲ့အယ်ချီအတွက်ဘာစီလိုနာကွင်းမှာသွားကစားရမယ့်ပွဲက အရမ်းခက်ခဲနေမှာသေချာပါတယ်။ အဝေးကွင်း နောက်ဆုံး ၂ပွဲမှာဆိုအက်စ်ပန်ညို၊ အလာဗက်စ်တို့လို ခြေစွမ်းနိမ့်အသင်းတွေကိုတောင်ရှုံးခဲ့တာမို့ ဘာစီလိုနာကိုဆို ဘယ်လိုမှ ခံကန်နိုင်ဖွယ်မရှိပါဘူး။ အေဖန်ဂရူဖာနဲ့ ဘီဂတ်စ်တို့ရဲ့ ခံစစ်ကလည်းလတ်တလောပွဲတိုင်းဂိုးပေးနေရတာမို့ လာမိုင်းယာ
မယ်တို့ရဲ့ တိုက်စစ်ကို ထိန်းနိုင်ဖွယ်မရှိပါဘူး။
ခန့်မှန်းချက်
ဘာစီလိုနာက အိမ်ကွင်းမှာ ၂+၁၀  အထိကြေးပြင်းဖွင့်လှစ်ထားပါတယ်။  ရီးရဲလ်ရှုံးပွဲကနေ အကောင်းဆုံးပြန်လည်နိုးထပြဖို့ အစွမ်းကုန်ကြိုးစားလာမယ့်ဘာစီလိုနာကို ဘွတ်ကီတွေတောင် အတော်အထင်ကြီးထားတာ  သိသာလှပါတယ်။ အိမ်ကွင်းဆိုရင်လည်း ယာမယ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဖာရန်တောရက်စ်တို့ရဲ့တိုက်စစ်ကမြန်ဆန်ပြီး တိုးအားကောင်းတာမို့ အယ်ချီခံစစ်ကို မပြိုပြိုအောင် ဖြိုနိုင်မှာ သေချာပါတယ်။ နည်းပြဟန်ဆီဖလစ်နဲ့ ဘာစီလိုနာတစ်သင်းလုံးရဲ့ အိမ်ကွင်းခြေကုန်ထုတ်မယ့်ပွဲကအနိမ့်ဆုံး ၂ဂိုးပြတ်မှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *