အပြန်အလှန်သွင်းဂိုးတွေမြင်ရနိုင်လို့ ဂိုးအပေါ်ရွေးမယ်
Diamond Seven – Tipster
ကြာသပတေးနေ့ အကြိုက်ဆုံးအပိုင်တစ်ကွက်ကို ယူရိုပါလိဂ်ခြေစစ်ပွဲဒုတိယအဆင့် ပွဲများထဲမှ ဘက်ဆစ်တပ်-ရှက်တာဒိုးနက်ပွဲကနေ ရွေးချယ်ပေးချင်ပါတယ်။ ယခု ဒုတိယအဆင့်မှ စတင်ယှဉ်ပြိုင်ရတယ်ဆိုပေမယ့် အသင်းကြီးရှက်တာဒိုးနက်နဲ့ဆုံတွေ့နေတာမို့ လုံးဝအမှားမခံဘဲ လူစုံထုတ်ယှဉ်ပြိုင်လာမှာ သေချာပါတယ်။
နည်းပြ ဆိုးလ်ရှားလက်ထက်မှာ ဘက်ဆစ်တပ် အိမ်ကွင်းခြေစွမ်းကောင်းလာသလို ဂိုးသွင်းခြေစွမ်းပါတက်လာတယ်။ ပြီးခဲ့တဲ့ရာသီ တူရကီလိဂ်မှာလည်း အဆင့်-၄နဲ့ ရာသီသိမ်းနိုင်ခဲ့ပြီး ဘက်ဆစ်တပ်ပုံစံကောင်းပြသနိုင်ခဲ့တာပါ။ ရှက်တာဒိုးနက်က ပြီးခဲ့တဲ့ပထမအဆင့်မှာ ဖင်လန်ကလပ် တမ်ပီရီကိုကျော်ဖြတ်ပြီး တက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။
ရှက်တာဒိုးနက်အတွက်အိမ်ကွင်းပွဲတွေကိုတောင် ပိုလန်၊ ဆလိုဗေးနီးယားမြေတွေမှာ သွားကစားနေရ
တာမို့ အဝေးကွင်းဆိုတာလည်း သိပ်မှုစရာလိုမယ်မထင်ပါဘူး။ ဆူဒါကော့ဗ်၊နိုဂူရီယာ၊ ဆန်တာနာတို့နဲ့ လူစုံပွဲထုတ်ရင်တော့ ရှက်တာဒိုးနက်ရဲ့ တိုက်စစ်ကဘယ်အသင်းကိုမဆို ဂိုးသွင်းယူနိုင်စွမ်းလည်းအပြည့်ရှိလှပါတယ်။ အပြန်အလှန်သွင်းဂိုးတွေမြင်ရနိုင်လို့ ဂိုးအပေါ်ပဲ ရွေးချယ်ပါမယ်။