Posted in

Super Zay ရဲ့ တနင်္ဂနွေညအကြိုက်တစ်ပွဲ

SUNDAY ONE SHOT/ONE TARGET (Super Zay)
***************************************
ONE SHOT/ONE TARGET ဆိုတာ ဖွင့်လှစ်မှုနဲ့ ခြေစွမ်းအရ ဖြစ်နိုင်ခြေအရှိဆုံးပစ်မှတ်ပွဲတစ်ပွဲကို ရွေးထုတ်တဲ့အစီအစဉ်လေးပါ။ ဒီတစ်ပတ်မှာ တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းကိုဘက်တစ်နဲ့ ဂီရိုနာတို့ရဲ့လာလီဂါပွဲက ရွေးချယ်ထားပါတယ်။ ၁၀ မှတ်ကွာ အဆင့် ၅ သင်းနဲ့ တန်းဆင်းဇုန်ထဲက အသင်းတို့ရဲ့တွေ့ဆုံမှုလို့ ဆိုရင်လည်းမမှားပါဘူး။ လက်ရှိအချိန် ရလဒ်ရော ခြေစွမ်းပါ
တည်ငြိမ်နေတဲ့ ဘက်တစ်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၃ ပွဲမှာ အက်သလက်တီကိုနဲ့ ၁ ပွဲပဲ ရှုံးထားပါတယ်။

ဒီရာသီဘက်တစ်တိုက်စစ်မှာလည်း အန်တိုနီ အထူးခြေစွမ်းပြနေပါတယ်။ အိမ်ကွင်းမှာဆို ပွဲတိုင်းနီးပါး ဂိုးသွင်းနိုင်ခဲ့တာပါ။ ဘက်တစ်ဟာ ပြိုင်ပွဲစုံနောက်ဆုံးအိမ်ကွင်း၆ ပွဲမှာလည်း ၅ ပွဲကို အနိမ့်ဆုံး ၂ ဂိုးနှုန်းသွင်းနိုင်ခဲ့ပါတယ်။ တစ်ဖက်မှာ ဂီရိုနာကလည်းရာသီအစောပိုင်းထက်စာရင်ရလဒ်ပိုင်း တိုးတက်လာလို့ တန်းဆင်းဇုန်ကထွက်နိုင်ရေးမျှော်လင့်ချက် ရှိလာပါတယ်။

ဒီရာသီ လာလီဂါမှာ အဝေးကွင်းနိုင်ပွဲမရှိသေးပေမယ့် နောက်ပိုင်းအဝေးကွင်းပွဲတွေမှာဆို ဂီရိုနာဟာ ဂိုးပြန်သွင်းနိုင်ခဲ့တာပါ။ အဲဒီထဲမှာ ဘာစီလိုနာကို ၂-၁ နဲ့ ရှုံးခဲ့တဲ့ပွဲ ပါဝင်သလို ဆယ်တာ၊ ဘီလ်ဘာအိုနဲ့ ဂီတာဖေးတို့ကိုလည်းဂိုးပြန်သွင်းနိုင်ခဲ့တယ်။ ဆိုတော့ ဘက်တစ်ကိုလည်း ဂီရိုနာ ဂိုးပြန်သွင်းနိုင်စွမ်းရှိတာပါ။ ၃+၁၅ ဆိုတဲ့ ဂိုးပေါင်းဈေးကလည်း လာလီဂါစံနှုန်းအရ မြင့်တာကြောင့်တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းအဖြစ် ဘက်တစ်ဂိုးပေါ်ကို ရွေးချယ်ပေးလိုက်တာပါ။
ရွေးချယ်မှု – ဘက်တစ်ဂိုးပေါ်

Leave a Reply

Your email address will not be published. Required fields are marked *