အဝေးကွင်းမှာ သရေကန်နိုင်စွမ်းအပြည့်ရှိတဲ့ အဲဗာတန်ကိုပဲ ရွေး
ဘုန်းမောက် Vs အဲဗာတန်
Diamond Seven – Tipster
ယခုတစ်ပတ် အဂ်ါညရဲ့ အကြိုက်ဆုံး အပိုင်တစ်ကွက် ရွေးချယ်မှုကို ပရီးမီးယားလိဂ်ပွဲဖြစ်တဲ့ ဘုန်းမောက်-အဲဗာတန်ပွဲစဉ်ကနေ ရွေးချယ်ပေးချင်ပါတယ်။
နောက်ဆုံး ၄ပွဲမှာ ၃ပွဲအထိရှုံးထားတဲ့ ဘုန်းမောက်ရဲ့ခြေစွမ်း အတော်ကျနေတာသိသာပါတယ်၊၊ တိုက်စစ်က ဂိုးတွေသွင်းပေးနိုင်ပေမယ့် ဒီယာခါတီ၊ ဆီနီဆီတို့ရဲ့ ခံစစ်က ဂိုးတွေလွယ်လွယ်ပြန်ပေးနေရတာမို့ အိတ်ပေါက်နဲ့ ဖားကောက်သလိုဖြစ်ပြီး နိုင်ပွဲပုံဖော်မှု အားနည်းနေတာပါ၊၊ အခုရင်ဆိုင်ရမယ့် အဲဗာတန်ကလည်း ကစားပုံအတော်မာတဲ့အသင်းမို့ ဘုန်းမောက်ရင်ဆိုင်ရ ခက်ခဲဦးမှာပါ၊၊
အဲဗာတန်က အဝေးကွင်းဆိုရင် ခံစစ်ကို ပိုအသားပေးပြီး တန်ပြန်တိုက်စစ်တွေနဲ့ ထိုးဖောက်တဲ့အသင်းပါ၊၊ နောက်ဆုံး ၄ပွဲမှာလည်း နယူးကာဆယ်နဲ့ တစ်ပွဲသာရှုံးခဲ့ပြီး မန်ယူ၊ ဖူလ်ဟမ်တို့ကို အနိုင်ကစားပြခဲ့ပါတယ်၊၊ တာကောစကီးနဲ့ မိုက်ကယ်ကိန်းတို့ ခံစစ်ပိုင်းကလည်း အဝေးကွင်းဆို ကစားပုံပိုကောင်းတာမို့ ဘုန်းမောက်တိုက်စစ်ကို ကောင်းကောင်းထိန်းချုပ်နိုင်ဦးမှာပါ၊၊
အဝေးကွင်းမှာ သရေကန်နိုင်စွမ်းအပြည့်ရှိတဲ့ အဲဗာတန်ကိုပဲ ရွေးထားချင်ပါတယ်၊၊
