အနိုင်သေချာပြီး ဂိုးပြတ်၊ မပြတ်သာစောင့်ကြည့်ရမယ့် ဘုန်းမောက်ရွေး
Diamond Seven – Tipster
ယခုတစ်ပတ် စနေညရဲ့အကြိုက်ဆုံးအပိုင်တစ်ကွက်ရွေးချယ်မှုကိုပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ ဘုန်းမောက်-ဘန်လေပွဲကနေ ရွေးချယ်ပေးချင်ပါတယ်။
ဘုန်းမောက်
ချဲလ်ဆီး၊ မန်ယူတို့လို အသင်းကြီးတွေနဲ့ရင်ဆိုင်ခဲ့ရပေမယ့် ဘုန်းမောက်ခြေစွမ်းပြနိုင်ခဲ့ပြီး ရှုံးပွဲမရှိကစားနိုင်ခဲ့ပါတယ်။ ဒီရာသီအိမ်ကွင်းခြေစွမ်းလည်းကောင်းမွန်တဲ့ ဘုန်းမောက်အနေနဲ့ ဘန်လေလို အောက်ဆုံးနားကအသင်းကိုလည်း ဖိဖိစီးစီးကစားနိုင်ဦးမှာလည်း အသေအချာပါပဲ။ ဒီရာသီ ပရီးမီးယားလိဂ်အိမ်ကွင်းစုစုပေါင်း ၈ပွဲကစားခဲ့ရာမှာ ၄ပွဲအထိနိုင်ခဲ့ပြီး ရှုံးပွဲဆိုလို အဲဗာတန်နဲ့ ၁ပွဲသာ
ရှိခဲ့တာပါ။ အိမ်ကွင်းဆို ဆီမီညို၊ အီဗယ်နီလ်ဆင်၊ ကလွိုက်ဗက်တို့တိုက်စစ်က ဂိုးရယူနိုင်
စွမ်းလည်းမြင့်မားတာမို့ ဘန်လေခံစစ်ကို ထိထိရောက်ရောက် ထိုးဖောက်နိုင်မှာ သေချာ
ပါတယ်။
ဘန်လေ
နောက်ဆုံး ၇ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့တာမို့အဆင့်-၁၉အထိတောင်ဘန်လေရောက်ရှိသွားပါတယ်။ အက်ဒယ်၊ အက်တီဗီနဲ့တူရန် ဇီဘီတို့ရဲ့ခံစစ်ကဒီရာသီဂိုးမပေးရတဲ့ပွဲမရှိသလောက်ရှားတာမို့စွမ်းဆောင်ရည်ညံ့ဖျင်းလွန်းလှတာသိသာပါတယ်။ အဝေးကွင်းဆိုလည်း ပွဲတိုင်း ၂ဂိုးနဲ့အထက်တွေ ခွင့်ပြုနေခဲ့ရပြီး ဒီရာသီရဲ့ခံစစ်အညံ့ဆုံးအသင်းလို့တောင် ဆိုလို့ရပါတယ်။ အခုလိုအနေအထားနဲ့တော့
ဘန်လေအတွက်ဘုန်းမောက်ကွင်းကလည်း ခက်ခဲတဲ့ ခရီးကြမ်းဖြစ်နေဦးမှာပါ။
ခန့်မှန်းချက်
ဘုန်းမောက်က ၁-၄၀ နဲ့ ကြေးပြင်းဖွင့်လှစ်ထားပါတယ်။အိမ်ကွင်းလည်းဖြစ်သလိုခြေစွမ်းလည်းတက်လာတဲ့ဘုန်းမောက်နိုင်ပွဲပြန်ရချိန်လည်းတန်ပါပြီ။ ဒါကြောင့် အိမ်ကွင်းမှာတန်းဆင်းဇုန်ကဘန်လေကိုခြေပြတ် ဂိုးပြတ်နိုင်ပွဲယူပြဖို့ တစ်သင်းလုံးအစွမ်းကုန်ကြိုးစားလာမှာ သေချာပါတယ်။ ဆီမီညို၊အီဗယ်နီဆယ်တို့တိုက်စစ် ဂိုးစောစောရသွားမယ်ဆိုရင်ဘုန်းမောက်အနိုင်ပြတ်သားသွားမှာပါ။
