Posted in

Super Zay ရဲ့တနင်္ဂနွေရွေးချယ်မူ

SUNDAY ONE SHOT/ONE TARGET (Super Zay)
*******************************************
ONE SHOT/ONE TARGET ဆိုတာ ဖွင့်လှစ်မှုနဲ့ ခြေစွမ်းအရ ဖြစ်နိုင်ခြေအရှိဆုံးပစ်မှတ်ပွဲတစ်ပွဲကို ရွေးထုတ်တဲ့အစီအစဉ်လေးပါ။ ဒီတစ်ပတ်မှာ တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းကို ပရီးမီးယားလိဂ်က ရွေးချယ်ထားပြီး ဘရန့်ဖို့ဒ်နဲ့နော်တင်ဟမ်တို့ရဲ့ပွဲကို သုံးသပ်ကြည့်ချင်ပါတယ်။ အဆင့် ၇ နဲ့ တန်းဆင်းဇုန်ကပ်လျက်တို့ရဲ့တွေ့ဆုံမှုလို့ ဆိုရင်လည်း မမှားပါဘူး။ ဘရန့်ဖို့ဒ် အခုလိုအခြေအနေရောက်နေတာဟာ အိမ်ကွင်းခြေကြောင့်ပါ။

ဒီရာသီ ပရီးမီးယားလိဂ်အိမ်ကွင်းမှာ ဘရန့်ဖို့ဒ်ထက် အမှတ်ပိုယူနိုင်တာဆိုလို့လက်ရှိထိပ်ဆုံး ၃ သင်းဖြစ်တဲ့ အာဆင်နယ်၊ မန်စီးတီးနဲ့ ဗီလာတို့ပဲ ရှိပါတယ်။ဘရန့်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်က နောက်ဆုံးအိမ်ကွင်း ၇ ပွဲစလုံးမှာလည်းမရှုံးခဲ့ဘဲ ၅ ပွဲနိုင်ထားတာပါ။ ဆိုတော့ ဘရန့်ဖို့ဒ်ရဲ့လက်ရှိအိမ်ကွင်းခြေကပြိုင်ဘက်တွေအတွက် ဖြုံစရာ ဖြစ်နေပါတယ်။ နော်တင်ဟမ်ကတော့အခုနောက်ပိုင်း ရလဒ်ကျဆင်းနေတာပါ။

ကြားရက်ထဲမှာ ယူရိုပါလိဂ်အဝေးကွင်းပွဲ ကန်ခဲ့ရသေးလို့လည်း နော်တင်ဟမ်ဟာ အခုပွဲအတွက် အိမ်ရှင်လောက် အင်ပြည့်အားပြည့် မရှိနိုင်ပါဘူး။ ပွဲဆက်များနေတဲ့ နော်တင်ဟမ်မှာ ခရစ်ဝုဒ်အပါအဝင် အဓိကကစားသမားအချို့လည်းဒဏ်ရာရနေတာပါ။ ဒါ့အပြင် နော်တင်ဟမ်ဟာ နောက်ဆုံးပရီးမီးယားလိဂ်အဝေးကွင်း ၄ ပွဲမှာလည်း ၃ ပွဲ ရှုံးထားပါတယ်။ အဲဒါကြောင့် ၁+၈၅ အကျော
ပေးထားတဲ့ ဘရန့်ဖို့ဒ်ကို တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းအဖြစ်ရွေးချယ်ပေးလိုက်တာပါ။

ရွေးချယ်မှု – ဘရန့်ဖို့ဒ်

Leave a Reply

Your email address will not be published. Required fields are marked *