Posted in

Super Zay ရဲ့စနေညအကြိုက်

SATURDAY ONE SHOT/ONE TARGET (Super Zay)
**********************************************
ONE SHOT/ONE TARGET ဆိုတာ ဖွင့်လှစ်မှုနဲ့ ခြေစွမ်းအရ ဖြစ်နိုင်ခြေအရှိဆုံး ပစ်မှတ်ပွဲတစ်ပွဲကို ရွေးထုတ်တဲ့အစီအစဉ်လေးပါ။ ဒီတစ်ပတ်မှာ စနေညအတွက်တစ်ကွက်ကောင်းကို ပရီးမီးယားလိဂ်က ရွေးချယ်ထားပြီး ဘရိုက်တန်နဲ့ အဲဗာတန်တို့ရဲ့ပွဲကို သုံးသပ်ကြည့်ချင်ပါတယ်။ အမှတ်ပေးဇယားအလယ်က ၃ မှတ်ကွာအသင်းနှစ်သင်းရဲ့တွေ့ဆုံမှုလို့ ဆိုရင်လည်း မမှားပါဘူး။ နှစ်သင်းစလုံးကတော့လက်ရှိမှာ ရလဒ်ပေါင်းစုံထွက်ပြီး ခြေစွမ်းမတည်ငြိမ် ဖြစ်နေကြတာပါ။

နောက်ဆုံးပရီးမီးယားလိဂ် ၈ ပွဲမှာ ၁ ပွဲသာ နိုင်ခဲ့တဲ့ ဘရိုက်တန်ရဲ့လက်ရှိအခြေအနေကတော့ အဲဗာတန်ထက် ပိုနိမ့်ပါတယ်။ အထူးသဖြင့်နောက်ပိုင်းအိမ်ကွင်းပွဲတွေမှာ ဘရိုက်တန်ဟာ သရေအကန်များနေတာပါ။အဲဗာတန်ကတော့ ဒီရာသီမှာ အိမ်ကွင်းထက် အဝေးကွင်းပိုကောင်းနေတာတွေ့ရတယ်။ မိုယက်စ်ရဲ့အသင်းဟာ နောက်ဆုံးပရီးမီးယားလိဂ်အဝေးကွင်း၇ ပွဲမှာ ချဲလ်ဆီးနဲ့ ၁ ပွဲသာ ရှုံးခဲ့တာပါ။

မကြာသေးခင် ထိပ်တိုက်တွေ့ဆုံမှုမှာတော့ အဲဗာတန်က ဘရိုက်တန်ထက်ပိုသာနေပါတယ်။ ဘရိုက်တန်နဲ့နောက်ဆုံးတွေ့ဆုံမှု ၆ ပွဲမှာ အဲဗာတန် ၁ ပွဲသာ ရှုံးခဲ့လို့ပါ။ ဒါ့အပြင် အဲဗာတန်ဟာ ဘရိုက်တန်နဲ့ပရီးမီးယားလိဂ်အအဝေးကွင်းတွေ့ဆုံမှု နောက်ဆုံး ၅ ပွဲစလုံးမှာလည်း မရှုံးခဲ့ပါဘူး။ ၁+၉၀ဆိုတဲ့ ဘရိုက်တန်ဈေးက မနိမ့်ပေမယ့် ဘယ်ဘက်က ကြည့်ကြည့် သရေရနိုင်တဲ့ အဲဗာတန်ကိုသာ စနေညအတွက် တစ်ကွက်ကောင်းအဖြစ်ရွေးချယ်ပေးလိုက်ပါတယ်။
ရွေးချယ်မှု – အဲဗာတန်

Leave a Reply

Your email address will not be published. Required fields are marked *