Posted in

D7 ရဲ့ စနေညသုံးသပ်ချက်

နှစ်ဖက်သွင်းဂိုးတွေမြင်ရဖွယ်ရှိတာမို့ဂိုးအပေါ်ကိုသာ ရွေးထား
Diamond Seven – Tipster
ယခုတစ်ပတ်စနေညရဲ့အကြိုက်ဆုံး အပိုင်တစ်ကွက်ရွေးချယ်မှုကိုပရီးမီးယားလိဂ်ပွဲစဉ်များထဲမှဘရိုက်တန်-ဘရန့်ဖို့ဒ်ပွဲကနေ ရွေးချယ်ပေးချင်ပါတယ်။
ဘရိုက်တန်
ဘရိုက်တန်ကဒီရာသီ နိုင်ပွဲအများစုကိုအိမ်ကွင်းတွေမှာရယူထားနိုင်ခဲ့တယ်ဆိုတာအားလုံးအသိပါပဲ။ ယခုရာသီပရီးမီးယားလိဂ်အိမ်ကွင်း၅ပွဲကစားထားခဲ့ရာမှာ၃ပွဲနိုင်၊၂ပွဲသရေနဲ့  ရှုံးပွဲလုံးဝမရှိခဲ့တဲ့ခြေစွမ်းအရ ဘရန့်ဖို့ဒ်ကိုအကောင်းဆုံးဖိအားဖိအားပေးကစားနိုင်မှာသေချာနေပါတယ်။ အိမ်ကွင်းမှာဆိုရင်ဝဲလ်ဘတ်၊မင်တက်ရှ်နဲ့ ဂိုမက်ဇ်တို့ရဲ့တိုက်စစ်ပိုင်းကဂိုးသွင်းအားကောင်းသလို ရက်တာ၊ အေယာရီတို့ ကွင်းလယ်ကလည်းတိုက်စစ်ကိုလိုက်ပါပြီး ပံ့ပိုးပေးနေတာမို့ဘရိုက်တန်ဂိုးမရမှာကိုလည်းမပူရပါဘူး။
ဘရန့်ဖို့ဒ်
နိုင်ငံပွဲများမတိုင်မီ ကစားခဲ့တဲ့နောက်ဆုံးပွဲတွေမှာတော့ဘရန့်ဖို့ဒ်ရလဒ်ကောင်းခဲ့ပါတယ်။ နောက်ဆုံး ၄ပွဲမှာ ၃ပွဲ နိုင်ခဲ့သလို နိုင်ခဲ့တဲ့အသင်းတွေကလည်းလီဗာပူး၊ ကာဆယ်တို့လို တကယ့်အသင်းကောင်းတွေပါခဲ့တာပါ။အမ်ဗျူမိုထွက်သွားပေမယ့်လည်း သီယာဂို၊ ဒမ်းစဂတ်၊ ကွာတာရာတို့နဲ့ ဘရန့်ဖို့ဒ်တိုက်စစ်ကထက်မြက်ဆဲမို့အခုအဝေးကွင်းမှာလည်းဘရန့်ဖို့ဒ်ရဲ့ခံစစ်ပိုင်းကိုတန်ပြန်ခြိမ်းခြောက်မှုတွေ လုပ်နိုင်မှာ သေချာပါပါတယ်။
ခန့်မှန်းချက်
ဒီပွဲမှာအိမ်ရှင်ဘရိုက်တန်က၁+၉၀၊ဂိုးပေါင်း ၃+၄၀ ဖွင့်လှစ်ထားပါတယ်။ ဘွတ်ကီတွေက ဘရိုက်တန်အနိုင်ရမလား၊ သရေကျမလားဆိုတဲ့ကြေးမျိုးဖွင့်လှစ်ထားခဲ့ပေမယ့် ဂိုးပေါင်းကြေးကျတော့ ၃+၄၀နဲ့ ခပ်မြင့်မြင့်ဖွင့်ထားတယ်လို့ဆိုနိုင်ပါတယ်။ အခုလိုဖွင့်လှစ်ထားမှုမှာ ဘရန့်ဖို့ဒ်ဘက်ကဂိုးပြန်ရနိုင်တယ်ဆိုတဲ့အချက်ကိုသေချာမြင်မိနေပါတယ်။ နှစ်ဖက်သွင်းဂိုးတွေမြင်ရဖွယ်ရှိတာမို့ဂိုးအပေါ်ကိုသာ ရွေးထားချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *