Posted in

စနေညအတွက် D7 ရဲ့ရွေးချယ်မူ

၂ဂိုးပြတ်မရှုံးနိုင်ဘဲ သရေတောင်ခံကန်သွားနိုင်တဲ့ခြေစွမ်းရှိတဲ့ အဲဗာတန်ပဲ ရွေး
Diamond Seven – Tipster
ယခုတစ်ပတ်စနေညရဲ့ အကြိုက်ဆုံးအပိုင်တစ်ကွက်ရွေးချယ်မှုကိုပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့  ချဲလ်ဆီး – အဲဗာတန်ပွဲစဉ်ကနေ ရွေးချယ်ပေးချင်ပါတယ်။
ချဲလ်ဆီး
နောက်ဆုံး ၄ပွဲဆက် နိုင်ပွဲပျောက်နေတဲ့ချဲလ်ဆီးရဲ့ခြေစွမ်းပိုင်းက အားရစရာမရှိပါဘူး။ဒီလက်ပ်ပြန်ပါလာပေမယ့်ချဲလ်ဆီးရဲ့တိုက်စစ်က တိုးတက်မလာခဲ့ဘဲ တစ်ဂိုးရဖို့တောင် မနည်းရုန်းနေရပုံနဲ့ ခံစစ်မာကျောတဲ့ အဲဗာတန်ကို ထိုးဖောက်ဖို့လည်း ခက်ခဲနေမှာ သေချာပါတယ်။ ပီဒရိုနီတိုနဲ့ ဂါနာချိုတို့ တောင်ပံတွေကလည်း နောက်ပိုင်းပွဲစဉ်တွေမှာအနည်းငယ်ကျနေပြီးတိုက်စစ်ကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်မှုနည်းနေတာတွေ့ရပါတယ်။
အဲဗာတန်
နောက်ဆုံး ၄ပွဲမှာ မန်ယူ၊ ဘုန်းမောက်၊နော်တင်ဟမ်တို့ကို အနိုင်ရခဲ့တဲ့ အဲဗာတန်ရဲ့ခြေစွမ်းအတော်လန်းနေပါတယ်။လတ်တလောမှာလည်းမိုက်ကယ်ကိန်း၊မိုင်ကိုလန်ကို၊တာကောစကီးတို့ရဲ့ခံစစ်ပိုင်းအစုအဖွဲ့ကအရမ်းအတွဲညီပြီးဖျက်ထုတ်မှုပိုင်းတွေကောင်းနေသလိုဂိုးသမားကြီးပစ်ဖို့ဒ်ကလည်း လက်စွမ်းတည် ငြိမ်နေတာမို့ ချဲလ်ဆီးတိုက်စစ်ပိုင်းကိုအကောင်းဆုံးထိန်းချုပ်နိုင်ဦးမှာ သေချာပါတယ်။ ဘယ်ရီ၊ အန်ဒီယာရီနဲ့  ဂရီယာလစ်ရှ်တို့ တိုက်စစ်ပိုင်းကလည်း မြန်နှုန်းမြင့်ပြီး ထိုးဖောက်အားကောင်းတာမို့အဝေးကွင်းမှာလည်းချဲလ်ဆီးခံစစ်ကိုဖိအားပေးကစားနိုင်ဦးမှာပါ။
ခန့်မှန်းချက်
ချဲလ်ဆီးက ၁+၃၀ကြေးဖွင့်လှစ်ထားပါတယ်။ ချဲလ်ဆီးနိုင်ပွဲလိုအပ်ချက်မြင့်မားနေတယ်ဆိုပေမယ့်လည်း လတ်တလောခြေစွမ်းနဲ့ ရလဒ်ပိုင်းတွေအရတော့ အဲဗာတန်ကိုအနိုင်ရဖို့တောင်မနည်းရုန်းရဦးမှာပါ။ ဒီလက်ပ်၊ပက်ဒရိုတို့တိုက်စစ် သိပ်မစွံပုံနဲ့ အဲဗာတန်လို ခံစစ်ကိုထိုးဖောက်ရလည်းခက်နေမှာပါ။ ၂ဂိုးပြတ်မရှုံးနိုင်ဘဲ သရေတောင်ခံကန်သွားနိုင်တဲ့ခြေစွမ်းရှိတဲ့ အဲဗာတန်ပဲရွေးထားချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *