အိမ်ကွင်းအဖွင့်ပွဲကို အနိုင်နဲ့သေချာပေါက်ဖြတ်သန်းမယ့် ကိုဗင်ထရီ
Diamond Seven – Tipster
စနေနေ့အကြိုက်ဆုံးတစ်ပွဲကောင်းကို အင်္ဂလန်ချန်ပီယံရှစ် ရာသီအဖွင့်ပွဲများထဲမှ ကိုဗင်ထရီ-ဟူးစီးတီးပွဲကနေ ရွေးချယ်ပေးချင်ပါတယ်။ နည်းပြလမ်းပတ် လက်ထက်မှာ ကိုဗင် ထရီရဲ့ခြေစွမ်းက အားရစရာကောင်းနေပါတယ်။ ပြီးခဲ့တဲ့ရာသီကဆိုတန်းတက်ပလေးအော့ဖ်တောင်ကစားခဲ့ရပြီး ဆန်းဒါးလန်းကို ကပ်အရေးနိမ့်ခဲ့လို့သာနစ်နာခဲ့ရတာပါ။ အခုရာသီမှာတော့ တန်းတက်ဖို့ရေပန်းစားစာရင်းထဲ ထိပ်ဆုံးနီးပါးကပါဝင်နေတဲ့ ကိုဗင်ထရီအတွက် အိမ်ကွင်းရာသီအဖွင့်မှာလည်း နိုင်ပွဲနဲ့စတင်နိုင်ဖို့အစွမ်းကုန်ကြိုးစားလာမှာ သေချာပါတယ်။
အက်ပ်ရွန်နဲ့ ဟာဂျီရိုက်တို့ရဲ့တိုက်စစ်ကလည်း ပုံစံကောင်းရနေတာမို့ အိမ်ကွင်းမှာ အကောင်းဆုံးပုံစံနဲ့ ဖိအားပေးကစားနိုင်ဦးမှာပါ။ ဟူးစီးတီးကတော့ ပြီးခဲ့တဲ့ရာသီက တန်းဆင်းဇုန်ထဲ တစ်ဝဲလည်လည်ဖြစ်နေခဲ့တဲ့အသင်းပါ။ အိမ်ကွင်းကစားပုံမဆိုးပေမယ့် အဝေးကွင်းဆိုရင်တော့ ဟူးစီးတီးရဲ့ခြေစွမ်းက အတော်အားနည်းသွားတာမို့ အခုပွဲမှာလည်း ခက်ခက်ခဲခဲရုန်းကန်ရနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက နှစ်ကျော့တွေ့ဆုံမှုမှာလည်း ၁ပွဲနိုင်၊ ၁ပွဲသရေနဲ့ ကိုဗင်ထရီအသာရခဲ့တာပါ။ အိမ်ကွင်းအဖွင့်ပွဲစဉ်ကို အနိုင်နဲ့ သေချာပေါက်ဖြတ်သန်းဖို့ကြိုးစားမယ့် ကိုဗင်ထရီကိုသာ ရွေးချယ်ထားချင်ပါတယ်။
