Posted in

ယူရိုပါလိဂ် ခြေစစ်ပွဲစဉ်အူးထရက်ချ်-ရှီရစ်ဖ်ပွဲကြိုသုံးသပ်ချက်

အပြန်အလှန်ဂိုးတွေထပ်မံမြင်တွေ့ရနိုင်လို့ ဂိုးအပေါ်ပဲရွေးမယ်
Diamond Seven – Tipster
ကြာသပတေးအကြိုက်ဆုံးတစ်ပွဲကောင်းကို ယူရိုပါလိဂ် ခြေစစ်ပွဲစဉ်များထဲမှအူးထရက်ချ်-ရှီရစ်ဖ်ပွဲကနေ ရွေးချယ်ပေးချင်ပါတယ်။ ပထမအကျော့အဝေးကွင်းမှာတောင် ၁-၃ နဲ့အနိုင်ရခဲ့တာမို့ အိမ်ကွင်းဆို အူးထရက်ချ်အတွက် ပိုလွယ်ကူနေမှာပါ။ ဒါပေမဲ့ အူးထရက်ချ်က တိုက်စစ်ဖွင့်ကစားလွန်းတာမို့ ခံစစ်ပိုင်းလစ်ဟာပြီး ဂိုးအမြဲပြန်ပေးနေရတာကို မပြင်ဆင်နိုင်သေးပါဘူး။ အခုပွဲမှာလည်း အိမ်ကွင်းဖြစ်ပေမယ့် သေမထူး နေမထူး တိုက်စစ်ဖွင့်ကစားလာမယ့် ရှီရစ်ဖ်ကို ဂိုးပေးရဖို့များနေမှာပါ။

ရှီရစ်ဖ်က အိမ်ကွင်းမှာ ဂိုးပြတ်အရေးနိမ့်ခဲ့တာကြောင့် အခုပွဲမှာ တိုက်စစ်ဖွင့်ကစားဖို့ကလွဲရင် အခြားမရှိနိုင်ပါဘူး။ ပထမအကျော့မှာလည်း ဦးဆောင်ဂိုးသွင်းနိုင်ခဲ့တဲ့ ရှီရစ်ဖ်အနေနဲ့ အခုပွဲမှာလည်း အူးထရက်ချ်ခံစစ်ကို ထိရောက်တဲ့ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ဦးမှာ သေချာပါတယ်။ ဒါပေမဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်အားနည်းသလို အူးထရက်ချ်ရဲ့တောင်ပံတွေက ထိုးဖောက်မှုတွေကိုမထိန်းချုပ်နိုင်ခဲ့တာမို့အခုပွဲမှာလည်း ဂိုးပေးရဖို့များနေဦးမှာပါ။ ဖွင့်ကစားလာမယ့် ရှီရစ်ဖ်ကြောင့် အပြန်အလှန်ဂိုးတွေထပ်မံမြင်တွေ့ရနိုင်လို့ ဂိုးအပေါ်ပဲ ရွေးချယ်ထားချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *