Posted in

ခံစစ်ပိုင်းစွမ်းဆောင်ရည်ကောင်းတဲ့ အဲဗာတန်

ခံစစ်ပိုင်းစွမ်းဆောင်ရည်လည်းကောင်းတဲ့  အဲဗာတန်အနေနဲ့ အနိမ့်ဆုံး  သရေကစားသွားနိုင်မယ်
Diamond Seven – Tipster
ယခုတစ်ပတ်စနေညရဲ့အကြိုက်ဆုံး အပိုင်တစ်ကွက်ရွေးချယ်မှုကိုပရီးမီးယားလိဂ်ပွဲများထဲမှအဲဗာတန်-နယူးကာဆယ်ပွဲစဉ်ကနေ ရွေးချယ်ပေးချင်ပါတယ်။
အဲဗာတန်
ပရီးမီးယားလိဂ်နောက်ဆုံး၂ပွဲဆက်အနိုင်ရခဲ့ပြီးအဆင့်-၁၁ အထိအဲဗာတန်တက်လှမ်းလာနိုင်ခဲ့တယ်။  နိုင်ခဲ့တဲ့  ၂ပွဲမှာလည်းပေးဂိုးလုံးဝမရှိအောင် စွမ်းဆောင်နိုင်ခဲ့တာမို့အဲဗာတန်ရဲ့ ခံစစ်ပိုင်းအတော်တည်ငြိမ်လာတယ်ဆိုတာ သိသာပါတယ်။ ဒီရာသီအိမ်ကွင်းစုစုပေါင်း ၇ပွဲကစားထားခဲ့ရာမှာလည်း ၄ပွဲနိုင်၊ ၂ပွဲသရေနဲ့ ၁ပွဲသာရှုံးခဲ့တဲ့အနေအထားအရ အိမ်ကွင်းဆိုအဲဗာတန်ရဲ့ခြေစွမ်းပိုကောင်းတာ ငြင်းမရပါဘူး။ မိုက်ကယ်ကိန်း၊ တာကောစကီးတို့ခံစစ်ပိုင်းတည်ငြိမ်မှုအပြည့်ရှိသလိုဒရူးဘူရီ၊ ဂရီယာလစ်ရှ်၊အန်ဒီယာရီနဲ့ ဘာရီတို့ရဲ့ တောင်ပံနဲ့ တိုက်စစ်အားတွေကလည်းထိထိရောက်ရောက် ထိုးဖောက်အားကောင်းတာမို့ နယူးကာဆယ်ကိုကောင်းကောင်းဖိအားပေးကစားနိုင်မှာသေချာပါတယ်။
နယူးကာဆယ်
နယူးကာဆယ်ကအိမ်ကွင်းမှာသာခြေစွမ်းကောင်းတာဖြစ်ပြီး အဝေးကွင်းမှာဆိုရင်တော့သိသိသာသာကိုကစားပုံအားနည်းပါတယ်။ ဒီရာသီပရီးမီးယားလိဂ်အဝေးကွင်း ၆ပွဲကစားခဲ့ရာမှာနိုင်ပွဲလုံးဝမရှိခဲ့ဘဲ ၃ပွဲရှုံး၊ ၃ပွဲသရေနဲ့ရလဒ်ပိုင်းဆိုးခဲ့သလိုချန်ပီယံလိဂ်မှာလည်းအဝေးကွင်းမှာမာဆေးကို ရှုံးခဲ့ပါတယ်။အခုလိုအနေအထားနဲ့တော့အိမ်ကွင်းကစားအားမာကျောတဲ့ အဲဗာတန်ကို အနိုင်ရဖို့ ဘယ်လိုမှမလွယ်နိုင်ပါဘူး။
ခန့်မှန်းချက်
နယူးကာဆယ်က-၂၀အကျောပြန်ပေးထားပေမယ့်ကွင်းတွင်းခြေစွမ်းမှာတော့အဲဗာတန်ကတောင်အသာရနေမှာပါ။အိမ်ကွင်းကစားအားကောင်းသလို ခံစစ်ပိုင်းစွမ်းဆောင်ရည်လည်း ကောင်းတဲ့အဲဗာတန်အနေနဲ့ အနိမ့်ဆုံး သရေကစားသွားနိုင်မယ်လို့သုံးသပ်မိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *