Posted in

စနေညအတွက်ဇဝန ရဲ့ဇောင်း

Nov / 08 – 2025 # SAT
#ဇောင်းးးးး
#ဇဝန
ဇောင်းးးဆိုတာ ဖြစ်သင့်၊ဖြစ်ထိုက်တဲ့ ရိုက်ကွက်တွေကိုသုံးသပ်မိတ်ဆက်ပေးထားတာပါ။ ဖြစ်သင့်၊ဖြစ်ထိုက်တယ်လို့ ညီအစ်ကိုတွေအားလုံးရဲ့ စိတ်ထဲမှာ ခံစားမိမှဇောင်းးးကို စိတ်ကြိုက်ပုံအောလိုက်ပါ။ #ဇောင်းးးဟာ #ဇောင်းးးးးပါပဲ။

စနေညအတွက် မိတ်ဆက်ပေးခဲ့ချင်တဲ့ ပွဲစဉ်ကတော့(အဲဗာတန်~ဖူလ်ဟမ်)ပွဲစဉ်ဖြစ်ပါတယ်။ ဒီပွဲစဉ်အတွက်(အဲဗာတန်)အသင်းက =-၆၀အရှုံး အကျောပေးထားပြီးဂိုးပေါင်းစျေးကွက် ၂-၆၅အရှုံး ခင်းကျင်းပေးထားပါတယ်။ ပြိုင်ဘက်(၂)သင်းရဲ့ ရမှတ်လိုအပ်ချက်တွေကြောင့် အိမ်ရှင်အဟန့်ရှိနေတဲ့ (အဲဗာတန်)အသင်းဘက်က =-၆၀အရှုံး အကျောပေးမှုဟာ ဖြစ်သင့်၊ဖြစ်ထိုက်တဲ့ ဖွင့်လှစ်မှုတစ်ခုသာဖြစ်ပါတယ်။

(အဲဗာတန်)အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး(၆)ပွဲမှာ(၁)ပွဲတည်းသာ စျေးကွက်အောင်မြင်ထားခဲ့သလို(ဖူလ်ဟမ်)အသင်းကလည်း စျေးကွက်ကျော်ဖြတ်နိုင်မှုမှာ (အဲဗာတန်)အသင်းနဲ့ မတိမ်းမယိမ်းဖြစ်နေတာမို့အဆင့်ရပ်တည်မှုအရ အပေါ်၊အောက် ဖြစ်တည်နေတဲ့(ဖူလ်ဟမ်)အသင်းကို အိမ်ရှင်ပါဝါကြေးနဲ့တင်=-၆၀အရှုံးဟာ မက်လောက်စရာဖြစ်တည်နေတာမို့ဘော်ဒီစျေးကွက်ဖွင့်လှစ်မှုအရတော့ (အဲဗာတန်)အသင်းဘက် ဆွဲဆောင်သိမ်းသွင်းထားတဲ့ ခင်းကျင်းမှုလို့ကောက်ချက်ဆွဲမိပါတယ်။

စျေးကွက်အမြင်တစ်ခုအနေနဲ့ကြည့်ရင် ဒီပွဲစဉ်မျိုးက (အဲဗာတန်)အသင်းဘက်အနိုင်သေချာနေတာမျိုးဆိုရင် ဖိုက်တာတွေ လက်တွန့်သွားစေမယ့် တွေဝေခြောက်ခြားသွားစေနိုင်တဲ့ဘော်ဒီစျေး =-၉၀အရှုံးကနေ ၁+၈၀အနိုင်လောက်ထိ (အဲဗာတန်)အသင်းဘက်က အကျောပေးလို့ရနေတဲ့ပွဲစဉ်တစ်ခုဖြစ်နေတာကြောင့်ပါ။ အကြောင်းကတော့(ဖူလ်ဟမ်)အသင်းဟာ အဝေးကွင်းနောက်ဆုံး(၅)ပွဲဆက်တိုက် စျေးကွက်ကျဆုံးထားခဲ့သလို ပရီးမီးယားလိဂ်မှာလည်း အဝေးကွင်းနောက်ဆုံး(၄)ပွဲဆက် အသင်းလည်းရှုံး ကြေးလဲကျနေတဲ့အခြေအနေမှာ (ဖူလ်ဟမ်)အသင်းထက်အိမ်ရှင်အဟန့်ရှိနေတဲ့ (အဲဗာတန်)အသင်းဘက်ကိုပဲ=-၆၀အရှုံးရင်းပြီး ဖိုက်တာတွေ စိတ်ယိုင်သွားစေမယ့် စျေးကွက်အခင်းအကျင်းဖြစ်နေတာကြောင့်ပါပဲ။

ဒါ့ကြောင့် ကျနော့်အနေနဲ့ ညွှန်းပေးခဲ့ချင်တာကအလုံခြုံဆုံးရိုက်ကွက်အဖြစ် (ဖူလ်ဟမ်ဘော်ဒီနဲ့ ဂိုးအောက်)ကို (ဆတူ)ကစားကြဖို့ အကြံပြုပေးခဲ့ချင်ပါတယ်။ (အဲဗာတန်)အသင်းက တိုက်စစ်အားကျဆင်းနေသလို ခံစစ်ပိုင်းကလည်း အမှားအယွင်းများနေချိန်မို့ အနိမ့်ဆုံးသရေခံကစားနိုင်တဲ့(ဖူလ်ဟမ်)အသင်းကို (ဂိုးအောက်)ဇယားနဲ့တွဲဖက်ကစားရင် စနေညအတွက် လုံခြုံနိုင်မယ်လို့ ကျနော်ရဲရဲဝံ့ဝံ့နဲ့ ညွှန်းပေးခဲ့ချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *