အနိမ့်ဆုံးသရေကစားနိုင်တဲ့ အိမ်ရှင်အဲဗာတန်ပဲရွေး
Diamond Seven – Tipster
ယခုတစ်ပတ်ရဲ့တနင်္ဂနွေညအကြိုက်ဆုံးအပိုင်တစ်ကွက်ရွေးချယ်မှုကိုပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့အဲဗာတန်-စပါးပွဲကနေရွေးချယ်ပေးချင်ပါတယ်။
အဲဗာတန်
နောက်ဆုံးပွဲမှာ မန်စီးတီးကို ရှုံးခဲ့ပေမယ့် အဲဗာတန်ရဲ့ခြေစွမ်း အရမ်းညံ့ခဲ့တာမျိုး မဟုတ်ပါဘူး။ အိမ်ကွင်းဆိုရင်လည်း အဲဗာတန်ရဲ့ ခြေစွမ်းက သိသိသာသာ ပိုကောင်းမွန်ပြီး ဂရီယာလစ်ရှ်၊ အန်ဒိုင်ယီနဲ့ ဘီတိုတို့ရဲ့ တိုက်စစ်ပိုင်းကလည်း ဂိုးသွင်းထက်ပါတယ်။ တာကောစကီးနဲ့မိုက်ကယ်ကိန်းတို့ ခံစစ်ကလည်း ဖျက်ထုတ်ပုံနဲ့ ကြံ့ခိုင်မှုပိုင်းအားကောင်းတာမို့ စပါးတိုက်စစ်ကို ကောင်းကောင်းဟန့်တားနိုင်မှာပါ။ နည်းပြမိုယက်စ်အနေနဲ့လည်း မန်စီးတီးပွဲက အရှုံးကိုအိမ်ကွင်းမှာအကောင်းဆုံးချေဖျက်ပြဖို့ အစွမ်းကုန်ပြင်ဆင်လာမှာပါ။
စပါး
စပါးကနောက်ပိုင်းပွဲစဉ်တွေမှာ တိုက်စစ်အားကျလာပြီးရစ်ချာလီဆန်နဲ့ ကိုလိုမူအာနီတို့လည်း ခြေစွမ်းပြဖို့ ရုန်းကန်နေရတာသိသာပါတယ်။ကြားရက်မှာကစားခဲ့တဲ့ မိုနာကိုနဲ့ပွဲမှာလည်း ဂိုးပေါက်ပျောက်ခဲ့သလို ပရီးမီးယားလိဂ်နောက်ဆုံးပွဲမှာလည်း အိမ်ကွင်းမှာကစားခဲ့ရတာတောင် ဗီလာကို ၁-၂နဲ့ ရှုံးနိမ့်ခဲ့တဲ့စပါးရဲ့အနေအထားက အားရစရာမရှိပါဘူး။ အဝေးကွင်းဆိုရင်လည်းဂိုးအမြဲပေးနေရတဲ့ ခံစစ်နဲ့အဲဗာတန်ကွင်းမှာရုန်းကန်ရဦးမှာပါ။ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၂ခုဆက်တိုက်ကစားနေရတာမို့လည်း စပါးကစားသမားတွေပွဲပန်းမှုရှိနေတာ သတိပြုမိပါတယ်။
ခန့်မှန်းချက်
အဲဗာတန်က -၃၀ သာ အကျောပေးထားပေမယ့်အိမ်ကွင်းမှာ ကောင်းကောင်းယှဉ်ကန်နိုင်တာသိသာပါတယ်။ တာကောစကီးနဲ့ မိုက်ကယ်ကိန်းတို့ ခံစစ်ကလည်း အိမ်ကွင်းဆို ပိတ်ဆို့ကစားပုံ ကောင်းမွန်တာမို့ စပါးတိုက်စစ်ကိုလည်းကောင်းကောင်းထိန်းနိုင်ဦးမှာပါ။ ပြီးခဲ့တဲ့ရာသီနောက်ဆုံးအိမ်ကွင်းတွေ့ဆုံမှုမှာလည်း အနိုင်ရထားတဲ့အဲဗာတန်ပဲအခုပွဲစဉ်မှာလည်းအနိမ့်ဆုံးသရေကစားသွားနိုင်ဦးမှာပါ။
