ထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်း ၃ဂိုးနဲ့အထက်ပွဲတွေအဖြစ်များခဲ့
တာမို့ အခုပွဲကိုလည်း ဂိုးအပေါ်သာရွေး
Diamond Seven – Tipster
တနင်္လာညအကြိုက်ဆုံးတစ်ပွဲကောင်းကို ဆွီဒင်လိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့အက်ဖ်ဘော့-ဂိုတီဘော့ ပွဲကနေ ရွေးပေးချင်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကျော်ကမှ ပထမအကျော့တွေ့ဆုံခဲ့တာဖြစ်ပြီး အက်ဖ်ဘော့က အဝေးကွင်းမှာ ၁-၂နဲ့အနိုင်ရခဲ့ပါတယ်။ နှစ်သင်းစလုံးတိုက်စစ်ဖွင့်ကစားခဲ့တာမို့ ဂိုးကန်ချက်အများအပြားနဲ့ ကြည့်ကောင်းခဲ့ပါတယ်။ အိမ်ကွင်းနောက်ဆုံး ၂ပွဲဆက်ရှုံးထားတာမို့လည်း အက်ဖ်ဘော့ထပ်မှားလို့မရတော့ဘဲ အခုပွဲကို အနိုင်ရဖို့ အစွမ်းကုန်ကြိုးစားလာမှာ သေချာပါတယ်။
ဂိုတီဘော့ကလည်း ဒီရာသီ အိမ်ကွင်းထက် အဝေးကွင်းခြေစွမ်းပိုတည်ငြိမ်နေတဲ့အသင်းပါ။ အဝေးကွင်းနောက်ဆုံး ၄ပွဲမှာ ၃ပွဲထိနိုင်ခဲ့ပြီး အဲဒီ ၃ပွဲမှာ ၃ဂိုးသွင်းနိုင်ခဲ့တာ ၂ပွဲတောင်ရှိခဲ့တာမို့ ဂိုတီဘော့ရဲ့ တိုက်စစ်ကလည်း အားရစရာကောင်းနေပါတယ်။ ဒါပေမဲ့ ခံစစ်ပိုင်းကလည်း ဒီရာသီဂိုးပြန်မပေးရတဲ့ပွဲက ခပ်ရှားရှားမို့ အက်ဖ်ဘော့ကွင်းမှာလည်း ခက်ခက်ခဲခဲရုန်းရဦးမှာပါ။ ထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်း ၃ဂိုးနဲ့အထက်ပွဲတွေအဖြစ်များခဲ့တာမို့ အခုပွဲကိုလည်း ဂိုးအပေါ်သာရွေးချယ်ထားချင်ပါတယ်။