Posted in

Super Zay ရဲ့စနေညရွေးချယ်မူ

SATURDAY ONE SHOT/ONE TARGET (Super Zay)
************************************************
ONE SHOT/ONE TARGET ဆိုတာ ဖွင့်လှစ်မှုနဲ့ ခြေစွမ်းအရ ဖြစ်နိုင်ခြေအရှိဆုံး ပစ်မှတ်ပွဲတစ်ပွဲကို ရွေးထုတ်တဲ့အစီအစဉ်လေးပါ။ ဒီတစ်ပတ်မှာ စနေညအတွက်တစ်ကွက်ကောင်းကို ဘွန်ဒက်စ်လီဂါက ရွေးချယ်ထားပြီး ဖရန့်ဖတ်နဲ့ ဟော်ဖန်ဟိမ်းတို့ရဲ့ပွဲကို သုံးသပ်ကြည့်ချင်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲဝင်နေတဲ့ အဆင့် ၇ နဲ့ ၃ တို့ရဲ့တွေ့ဆုံမှုလို့ ဆိုရင်လည်း မမှားပါဘူး။ နည်းပြအပြောင်း
အလဲနဲ့ ဖရန့်ဖတ်ဟာ တောက်လျှောက်နိုင်ပွဲပျောက်နေပေမယ့် ဂိုးသွင်းအားတော့ ကောင်းနေဆဲပါ။

ဘယ်လောက်ထိလဲဆို ၂၀၂၆ ထဲက ဖရန့်ဖတ်ရဲ့ပြိုင်ပွဲစုံ ၄ ပွဲစလုံးမှာ ၃-၂ နဲ့ ၃-၃ ရလဒ်တွေချည်း ထွက်ထားပါတယ်။ ဒါတောင် ဖရန့်ဖတ်ကအမြဲတမ်းနည်းပြမခန့်ရသေးဘဲ ယာယီကိုင်တွယ်နေတဲ့ ယူ-၂၁ နည်းပြလက်ထဲမှာပဲ ရှိသေးတာပါ။ ဖရန့်ဖတ်ဟာ နောက်ဆုံးအိမ်ကွင်းပွဲမှာလည်းဒေါ့မန်ကို ၃-၃ ကန်ထားတယ်။ ပြီးခဲ့တဲ့အပတ်က လေဗာကူဆင်ကိုအနိုင်ရခဲ့တဲ့ ဟော်ဖနိဟိမ်းကတော့ နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲအနိုင်နဲ့ဒုတိယရာသီဝက်မှာ တာထွက်ကောင်းနေတာပါ။

ဆိုတော့ လက်ရှိခြေအရ ဖရန့်ဖတ်ကွင်းမှာ ဟော်ဖန်ဟိမ်း ဂိုးမရနိုင်စရာအကြောင်း မရှိပါဘူး။ သူတို့ရဲ့နောက်ဆုံးတွေ့ဆုံမှု ၁၂ ပွဲစလုံးမှာလည်းနှစ်ဖက်သွင်းဂိုး ၃ ဂိုးနဲ့အထက် ရှိထားပါတယ်။ ၃-၁၅ ဆိုတဲ့ ဂိုးပေါင်းဈေးက မပျော့သလို လက်ရှိခြေစွမ်းအရလည်း နှစ်ဖက်ပေါင်း အနိမ့်ဆုံး ၃ ဂိုးမျှော်လို့ ရတာပါ။ ဒါကြောင့်မို့လည်း စနေညအတွက် တစ်ကွက်ကောင်းအဖြစ် ဖရန့်ဖတ်ဂိုးပေါ်ကို ရွေးချယ်ပေးလိုက်ပါတယ်။
ရွေးချယ်မှု – ဂိုးပေါ်

Leave a Reply

Your email address will not be published. Required fields are marked *