လက်ကျန်ပွဲတွေကို အမှားခံဖွယ်မရှိတော့တဲ့ အိမ်ရှင်ဖရန့်ဖတ်ပဲ ရွေး
ဖရန့်ဖတ် Vs အတ္တလန်တာ
Diamond Seven – Tipster
ဗုဒ္ဓဟူးနေ့ရဲ့ အကြိုက်ဆုံးအပိုင်တစ်ကွက်ကို ချန်ပီယံလိဂ်ပွဲစဥ်ဖြစ်တဲ့ ဖရန့်ဖတ်-အတ္တလန်တာ
ပွဲကနေ ရွေးချယ်ပေးချင်ပါတယ်၊၊
၄မှတ်သာရထားသေးတဲ့ ဖရန့်ဖတ်အတွက် ရှုံးထွက်အဆင့်တက်ချင်ရင် လက်ကျန်ပွဲတွေ လုံးဝရှုံးလို့မရတော့ပါဘူး၊၊ လက်ရှိမှာလည်း နောက်ဆုံး ၄ပွဲဆက်မရှုံးခဲ့ဘဲ ၂ပွဲနိုင်၊ ၂ပွဲသရေနဲ့ ခြေစွမ်းလန်းနေပါတယ်၊၊ ဘာကတ်၊ ဂေါ့ဇီ၊ ခနော့ဖ်နဲ့ ဒါဟော့တို့ ကွင်းလယ်နဲ့ တိုက်စစ်ကလည်း အိမ်ကွင်းဆို ကစားပုံ ပိုကောင်းတာမို့ အတ္တလန်တာခံစစ်ကို ဖိအားပေးနိုင်မှာ သေချာပါတယ်၊၊
အတ္တလန်တာက ခြေကျနေပြီး စီးရီးအေမှာ နောက်ဆုံး ၃ပွဲဆက်ရှုံးခဲ့ပါတယ်၊၊ ချန်ပီယံလိဂ်မှာရလဒ်မဆိုးပေမယ့် လတ်တလောအနေအထားနဲ့တော့ ဖရန့်ဖတ်ကွင်းမှာ ခက်ခက်ခဲခဲရုန်းရဦးမှာပါ၊၊ နည်းပြအပြောင်းအလဲလည်း လုပ်ထားတာမို့ အတ္တလန်တာကစားသမားတွေနဲ့ နည်းစနစ်ပိုင်းက အသားကျဖို့ ခက်နေဦးမယ်ထင်ပါတယ်၊၊
ဒဲ့ကြေးဖွင့်ထားပေမယ့် ခြေတက်နေသလို လက်ကျန်ပွဲတွေကို အမှားခံဖွယ်မရှိတော့တဲ့ အိမ်ရှင်ဖရန့်ဖတ်ပဲ ရွေးချင်ပါတယ်၊၊
