အိမ်ကွင်းမှာအနိုင်သေချာပြီး ၂ဂိုး၊ ၃ဂိုးလောက်လည်းပြတ်သားသွားနိုင်တဲ့ ကိုင်ရက်ရွေး
Diamond Seven – Tipster
အင်္ဂါညအကြိုက်ဆုံးတစ်ပွဲကောင်းကို ချန်ပီယံလိဂ် ခြေစစ်ပွဲစဉ်များထဲမှကိုင်ရက်-KuPS ပွဲကနေ ရွေးချယ်ပေးချင်ပါတယ်။ ပထမအကျော့ အဝေးကွင်းမှာ ၂-ဝ နဲ့ အရေးနိမ့်ခဲ့ပေမယ့် ကိုင်ရက်ရဲ့ ခြေစွမ်း မညံ့ခဲ့ပါဘူး။ ဘောလုံးပိုင်ဆိုင်မှုရော ဂိုးပေါက်တည့်ကန်ချက်တွေပါ သာလွန်ခဲ့ပေမယ့် တိုက်စစ်က အဆုံးသတ်ညံ့ဖျင်းခဲ့လို့ ရှုံးခဲ့ရတာပါ။ အခုအိမ်ကွင်းကာဇက်စတန်မြေမှာတော့ အကောင်းဆုံး
ပြန်လည်ရုန်းထနိုင်ဖို့အတွက် ပွဲစကတည်းက တိုက်စစ်ကို အစွမ်းကုန်ဖွင့်ကစားလာမှာ သေချာပါတယ်။
အိမ်ကွင်းဆိုရင်လည်း ကိုင်ရက်ရဲ့ခြေစွမ်းက အားရစရာကောင်းပြီး ဂိုးရယူနိုင်စွမ်းလည်းမြင့်မားတာမို့ KuPS ခံစစ်ကို ကောင်းကောင်းဖိအားပေးကစားနိုင်မှာ သေချာပါတယ်။ KuPS က ၂-ဝ နဲ့ အနိုင်ရထားတာမို့ခံစစ်ပိတ်ကစားလာမှာ သေချာပါတယ်။ ဒါပေမဲ့ အဝေးကွင်းခြေစွမ်းပိုင်းအားနည်းတဲ့ KuPS အနေနဲ့ ကိုင်ရက်တိုက်စစ်ကို ပွဲချိန်ပြည့်ခုခံနိုင်ဖို့ဆိုတာ မလွယ်ကူနိုင်ပါဘူး။ အိမ်ကွင်းမှာ သေချာပေါက်အနိုင်ရယူမှာဖြစ်သလို ၂-ဝ၊ ၃-ဝလောက်လည်း ပြတ်သားသွားနိုင်တဲ့ ကိုင်ရက်ပဲ ရွေးချယ်ထားချင်ပါတယ်။