Posted in

အနိုင်သေချာနေတဲ့အိမ်ရှင်

အနိုင်သေချာနေတဲ့အိမ်ရှင်ကိုမိုကိုသာ ရွေးချယ်
Diamond Seven – Tipster
ယခုတစ်ပတ်စနေညရဲ့အကြိုက်ဆုံးအပိုင်တစ်ကွက်ကို ယခုတစ်ပတ် စီးရီးအေပွဲဖြစ်တဲ့ကိုမို – ဖီအိုရင်တီးနားပွဲစဉ်ကနေ ရွေးချယ်ပေးချင်ပါတယ်။
ကိုမို
နည်းပြဖာဘရီဂတ်စ်နဲ့လမိုင်းကပ်ပြီး ထူးရှယ်ခြေစွမ်းတွေပြသနေတဲ့ကိုမိုက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက်လည်းအခြေအနေကောင်းပိုင်ဆိုင်နေတာပါ။ကြားရက်မှာလည်းနာပိုလီကို အဝေးကွင်းမှာ အနိုင်ယူပြီးကိုပါအီတာလီယာဖလားဆီမီးကို တက်နိုင်ခဲ့ပါတယ်။ ဒီရာသီ စီးရီးအေအိမ်ကွင်းနောက်ဆုံး၈ပွဲမှာလည်းအေစီမီလန်နဲ့၁ပွဲသာရှုံးခဲ့ပြီး၅ပွဲအထိအနိုင်ရခဲ့တဲ့ခြေစွမ်းအရဖီအိုရင်တီးနားကိုလည်းအသာစီးရယူကစားနိုင်မှာသေချာပါတယ်။ ရာမွန်နဲ့ အိုလီဗာကမ့်တို့ ခံစစ်ပိုင်းကစားပုံ အတော်တည်ငြိမ်သလိုဒူဗီကက်၊ အန်ပက်ဇ်နဲ့ ဗော့ချ်ဗိုဒါ တို့ရဲ့တိုက်စစ်ကလည်းအိမ်ကွင်းဂိုးသွင်းခြေအပြည့်ရှိလို့ ဖီအိုရဲ့ခံစစ်ပိုင်းကိုဖိအားပေးကစားနိုင်ဦးမှာပါ။
ဖီအိုရင်တီးနား
ဒီရာသီဖီအိုရင်တီးနားရဲ့ခြေစွမ်းကတော့အားရစရာမရှိပါဘူး။ လတ်တလောမှာလည်း ၄ပွဲဆက်တိုက် နိုင်ပွဲပျောက်နေခဲ့ပြီးရှုံးပွဲကလည်း၃ပွဲအထိရှိခဲ့ပါတယ်။ ဒီရာသီ စီးရီးအေအဝေးကွင်း ၁၂ပွဲကစားခဲ့ရာမှာလည်း နိုင်ပွဲဆိုလို့ ရှားရှားပါးပါး ၁ပွဲသာရှိခဲ့ပြီးရလဒ်ပိုင်းလည်းဆိုးရွားနေခဲ့တာပါ။ ခံစစ်ပိုင်းကလည်းတစ်ပွဲအနည်းဆုံး ၂ဂိုးခွင့်ပြုနေရပုံနဲ့ အခုပွဲမှာလည်းကိုမိုတိုက်စစ်ကိုထိန်းဖို့
ခက်ခဲနေဦးမှာပါ။
ခန့်မှန်းချက်
ကိုမိုက ၁+၅၀ အထိ ကြေးပြင်းဖွင့်လှစ်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ကမှ ကိုပါအီတာလီယာဖလားမှာတွေ့ဆုံခဲ့ပြီး ဖီအိုရင်တီးနားကွင်းမှာပဲ ကိုမိုက ၁-၃ နဲ့ အနိုင်ယူပြခဲ့တာပါ။ အခုအိမ်ကွင်းမှာ ထပ်ကစားရမယ်ဆိုတော့ ကိုမိုကစားပုံက ပိုလို့ကောင်းနေမှာသေချာပါတယ်။ အနိုင်သေချာနေတဲ့ အိမ်ရှင်ကိုမိုကိုသာရွေးချယ်ထားချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *