-၃၀သာအကျောပေးထားရပေမယ့် သရေအနိမ့်ဆုံးကစားနိုင်တဲ့ အိမ်ရှင် လိဒ်စ် ရွေးမယ်
လိဒ်စ် Vs အဲဗာတန်
တနလ်ာ(ည ၁း၃၀)
Diamond Seven
တနလ်ာည အကြိုက်ဆုံးအပိုင်တစ်ကွက်ကို ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ လိဒ်စ်-အဲဗာတန်ပွဲကနေ ရွေးချယ်ပေးချင်ပါတယ်။
ချန်ပီယံရှစ်ကနေ ချန်ပီယံအဖြစ်နဲ့ တန်းပြန်တက်လာတဲ့ လိဒ်စ်ကလည်း ကယ်ဗတ်လီဝင်၊ အန်မီချာ၊ လောင်းစတက်နဲ့ ဘီဂျိုးတို့လို ကစားသမားကောင်းတွေကိုခေါ်ယူပြီး အင်အားဖြည့်တင်းမှုပြုလုပ်ထားပါတယ်။ ရာသီကြိုခြေစမ်းပွဲတွေမှာလည်း မန်ယူ၊ ဗီလာရီးရဲလ်၊ အေစီမီလန်တို့လို အသင်းကောင်းတွေနဲ့ ခြေစမ်းခဲ့ပြီး လိဒ်စ်ကစားအားလည်း ကောင်းခဲ့ပါတယ်။ ဒါကြောင့် အိမ်ကွင်းရာသီအဖွင့်ပွဲမှာလည်း ရလဒ်ကောင်းရယူနိုင်ဖို့ အဲဗာတန်ကို လိဒ်စ်ဖိဖိစီးစီးအသာစီးကစားနိုင်ဦးမှာပါ။
အဲဗာတန်က ရာသီကြိုခြေစမ်းပွဲတွေမှာ ရလဒ်မကောင်းခဲ့သလို ကစားသမားခေါ်ယူမှုလည်း ထိထိရောက်ရောက်မလုပ်နိုင်ခဲ့ပါဘူး။ တိုက်စစ်မှူးကယ်ဗတ်လီဝင်ကလည်း အခုတွေ့ဆုံနေတဲ့ လိဒ်ကို ပြောင်းသွားခဲ့တာမို့ ဘီတိုနဲ့ အယ်ကာရက်စ်တို့နဲ့သာ ပွဲထွက်လာမယ့် အဲဗာတန်တိုက်စစ်က ပြီးခဲ့တဲ့ရာသီကလိုပဲ အားရဖွယ်မရှိနိုင်ပါဘူး။
အိမ်ကွင်းမှာ -၃၀ သာ အကျောပေးထားပေမယ့် ခြေစွမ်းပိုမိုပြသနိုင်မယ့် လိဒ် အနိမ့်ဆုံးသရေကစားနိုင်မယ်လို့ သုံးသပ်မိပါတယ်။
