အိမ်ကွင်းမှာ အနိမ့်ဆုံး ၂ဂိုးပြတ်နဲ့ အောင်ပွဲခံသွားမယ့် လီဗာပူး
Diamond Seven – Tipster
သောကြာနေ့အကြိုက်ဆုံးတစ်ပွဲကောင်းကို ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်ဖြစ်တဲ့ လီဗာပူး-ဘုန်းမောက် ပွဲကနေ ရွေးချယ်ပေးချင်ပါတယ်။ ချန်ပီယံ လီဗာပူးအတွက် ကွန်မြူနတီဒိုင်းပွဲ အရှုံးကို အကောင်းဆုံးပြန်လည်နိုးထပြရမယ့်ပွဲဖြစ်ပါတယ်။လီဗာပူးက ရာသီအစပွဲတွေဆို အမြဲရလဒ်ကောင်းလေ့ရှိတဲ့အသင်းဖြစ်တာမို့လည်းဘုန်းမောက်ကို ဖိဖိစီးစီးနဲ့အိမ်ကွင်းမှာ တောက်လျှောက်အသာစီးရယူကစားနိုင်ဦးမှာပါ။
ဖလော်ရီယန်ဝစ်ဇ်က အသင်းနဲ့အံဝင်ပြီး ဆာလက်ရှ်၊ ဂတ်ပိုတို့နဲ့ အတွဲညီညီကစားနေတာမို့ ဘုန်းမောက်ခံစစ်ကိုလည်း ကောင်းကောင်းဖိအားပေးကစားနိုင်မှာသေချာပါတယ်။ ဆိုဘော့ဆလိုင်နဲ့ ဂရာဗန်ဘတ်ရှ်တို့ရဲ့ ကွင်းလယ်ကလည်း တိုက်စစ်ရော ခံစစ်ကိုပါလိုက်ပါကစားနိုင်နေတာမို့ အကောင်းဆုံးအနေအထားမှာရှိနေပါတယ်။ ဘုန်းမောက်က ခံစစ်မှူး ဇာဘာညီကို ပီအက်စ်ဂျီကိုထုတ်ရောင်းခဲ့သလိုခြေစမ်းပွဲတွေမှာလည်း ရလဒ်မကောင်းခဲ့ပါဘူး။ ပြီးခဲ့တဲ့ရာသီ အဝေးကွင်းပွဲတွေဆိုလည်း ဘုန်းမောက်ရဲ့ခြေစွမ်းက အားရစရာမရှိတာမို့ လီဗာပူးကစားကွက်အောက်မှာသာ တစ်ပွဲလုံးအချိန်ကုန်ရဖို့များပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်း သိသိသာသာအသာရခဲ့တဲ့ လီဗာပူးပဲ ၂ဂိုးပြတ်အောင်ပွဲခံသွားမှာပါ။
