လီဗာပူးရဲ့အနိုင်ကအနိမ့်ဆုံး ၂ဂိုးနဲ့အထက်ဖြစ်နေမယ်
Diamond Seven – Tipster
ယခုတစ်ပတ်စနေညရဲ့အကြိုက်ဆုံးအပိုင်တစ်ကွက်ရွေးချယ်မှုကိုပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့လီဗာပူး – ဝုဗ် ပွဲစဉ်ကနေရွေးချယ်ပေးချင်ပါတယ်။
လီဗာပူး
လီဗာပူးခြေမှန်ပြန်ရလာပြီးနိုင်ပွဲတွေဆက်လာပါတယ်။၁၀ ရက်အတွင်း ၄ပွဲ ထိကစားရမယ့်ဘောက်ဆင်ဒေးပွဲတွေ စတင်လာပြီမို့ အသင်းကြီးဖြစ်တဲ့ လီဗာပူးအနေနဲ့အမှားမခံဘဲတစ်ပွဲချင်းအလိုက်သတိထားပြင်ဆင်လာမှာပါ။ အခုလိုအမှတ်ပေးဇယားအောက်ဆုံးကဝုဗ်လိုအသင်းနဲ့ရင်ဆိုင်ရမှာမို့လည်းအိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူပြဖို့အတွက်လည်း နည်းပြဆလော့ လူစုံထုတ်ယှဉ်ပြိုင်စေဦးမှာပါ။ တိုက်စစ်မှူးအိုင်ဆက်ဒဏ်ရာရပြီးကာလရှည်အနားယူရမှာဖြစ်ပေမယ့်လည်း အီကီတီကီ၊ ဖလော်ရီယန်ဝစ်ဇ်၊ အယ်လစ္စတာနဲ့ ဆိုဘော့ဇလိုင်တို့ရှိနေသေးတာမို့တိုက်စစ်ကစားအားကျသွားဖွယ်လည်း မရှိပါဘူး။
ဝုဗ်
ဒီရာသီပရီးမီးယားလိဂ်မှာနိုင်ပွဲလုံးဝမရသေးသလို ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းကလည်းအညံ့ဆုံးဖြစ်နေတဲ့ ဝုဗ်အနေနဲ့ လီဗာပူးကွင်းမှာဂိုးပြတ်မရှုံးရေးကိုသာအဓိကဦးစားပေးကစားရမှာပါ။ အိမ်ကွင်းပွဲတွေမှာတောင် အနည်းဆုံး၂ဂိုးနီးပါးပေးနေရတဲ့ ဒိုဟာတီတို့ခံစစ်အနေနဲ့ အခုလိုပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်တွေထဲကတစ်သင်းဖြစ်တဲ့ လီဗာပူးရဲ့တိုက်စစ်ပိုင်းကိုလည်းထိန်းချုပ်ဖို့ဆိုတာ ခက်ခဲတဲ့စိန်ခေါ်မှုတစ်ခုလည်းဖြစ်နေဦးမှာပါ။
ခန့်မှန်းချက်
လီဗာပူးက ၂+၄၀ အထိကြေးပြင်းဖွင့်လှစ်ထားပါတယ်။ လီဗာပူးရဲ့အမှတ်လိုအပ်ချက်ပြင်းထန်နေပုံ၊ခြေစွမ်းပိုင်းကောင်းမွန်လာမှုတွေကြောင့်အခုလိုကြေးပေးတာဖြစ်သင့်ပါတယ်။ အီကီတီကီ၊ ဆိုဘော့ဇလိုင်တို့တိုက်စစ် ဂိုးသွင်းသေချာမယ်ဆိုရင်လီဗာပူးရဲ့အနိုင်ကအနိမ့်ဆုံး ၂ဂိုးနဲ့အထက်ဖြစ်နေမယ်လို့ သုံးသပ်မိပါတယ်။
