၃ဂိုးပြတ်ရှုံးဖို့မဖြစ်နိုင်တဲ့ ဧည့်သည်ဝုဗ်ကိုသာ ရွေးချယ်
Diamond Seven – Tipster
ယခုတစ်ပတ်စနေညရဲ့အကြိုက်ဆုံးအပိုင်တစ်ကွက်ကိုပရီးမီးယားလိဂ်ပွဲဖြစ်တဲ့ မန်စီးတီး-ဝုဗ်ပွဲကနေ ရွေးချယ်ပေးထားချင်ပါတယ်။
မန်စီးတီး
ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၄ပွဲဆက်နိုင်ပွဲပျောက်နေသလို ကြားရက်မှာကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဘိုဒိုဂလင့်လိုအသင်းကိုတောင် ၃-၁နဲ့ ရှုံးခဲ့တဲ့အထိ မန်စီးတီး ခြေပျက်နေပါတယ်။ ဒီရာသီမှာ နည်းပြဂွါဒီယိုလာရဲ့အသင်းက ခြေစွမ်းမှန်မရှိဘဲ နိုင်လိုက်၊ ရှုံးလိုက်နဲ့ ရလဒ်တွေလည်း ပေါင်းစုံကိုထွက်နေတာပါ။ အိမ်ကွင်းကစားအားနဲ့ နိုင်ပွဲတွေရှာဖွေနိုင်တယ်ဆိုပေမယ့်လည်း လတ်
တလော အသင်းလိုက် ခြေစွမ်းကျနေတဲ့အနေအထားမှာ မန်စီးတီး ဂိုးပြတ်နိုင်ဖို့ဆိုတာကတော့ မေးခွန်းထုတ်စရာပါပဲ။ ခူဆာနော့နဲ့ အယ်ယီနီတို့လို ကစားသမားသစ်တွေကိုအသုံးပြုနေတဲ့ ခံစစ်ကလည်း အားနည်းပြီး ပေးဂိုးတွေ လွယ်လွယ်ခွင့်ပြုနေရပါတယ်။
ဝုဗ်
တန်းဆင်းဇုန်ရုန်းနေတဲ့ ဝုဗ်က နောက်ဆုံး ၄ပွဲဆက်ရှုံးပွဲမရှိ ကစားထားနိုင်ပါတယ်။အဲဗာတန်၊ နယူးကာဆယ်တို့လို ခြေစွမ်းမြင့်အသင်းတွေလည်းဖြစ်တာမို့ ဝုဗ် ခြေစွမ်းပိုင်းတကယ်တက်နေတယ်ဆိုရင်လည်း မမှားပါဘူး။ အခုလိုခြေစွမ်းကောင်းလာခြင်းမှာ ဗျူနို၊မော့စ်ကွီရာတို့ ခံစစ်ပိုင်းတည်ငြိမ်လာခြင်းကအဓိကကျနေတာပါ။ နောက်ဆုံး ၄ပွဲမှာ ၂ဂိုးသာပေးခဲ့ရတာမို့လည်း အခုပွဲမှာလည်း မန်စီး
တီးတိုက်စစ်ကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်မှာ သေချာပါတယ်။
ခန့်မှန်းချက်
မန်စီးတီးက ၂+၂၀ အထိကြေးပြင်းဖွင့်လှစ်ထားပါတယ်။ ဒါပေမဲ့ တန်းဆင်းဇုန်ရုန်းနေတဲ့ ဝုဗ်ရဲ့ခြေစွမ်းကသိသိသာသာကောင်းလာတာမို့ မန်စီးတီး အိမ်ကွင်းမှာ ကစားရမှာဖြစ်ပေမယ့်လည်း အရမ်းတော့ နိမ့်နေမှာမဟုတ်ပါဘူး။နည်းပြဂွါဒီယိုလာရဲ့အသင်းကလည်း ခြေမှန်မရှိတာမို့ ၃ဂိုးပြတ်ရှုံးဖို့မဖြစ်နိုင်တဲ့ ဧည့်သည်ဝုဗ်ကိုသာ ရွေးချယ်ထားချင်ပါတယ်။
