Posted in

Super Zay ရဲ့စနေညအတွက်အကြိုက်တစ်ပွဲ

SATURDAY ONE SHOT/ONE TARGET (Super Zay)
***********************************************
ONE SHOT/ONE TARGET ဆိုတာ ဖွင့်လှစ်မှုနဲ့ ခြေစွမ်းအရ ဖြစ်နိုင်ခြေအရှိဆုံး ပစ်မှတ်ပွဲတစ်ပွဲကို ရွေးထုတ်တဲ့အစီအစဉ်လေးပါ။ ဒီတစ်ပတ်မှာ စနေညအတွက်တစ်ကွက်ကောင်းကို မက်ဇ်နဲ့ပီအက်စ်ဂျီတို့ရဲ့လီဂူးပွဲက ရွေးချယ်ထားပါတယ်။ဇယားအောက်ခြေအသင်းနဲ့ ဒုတိယနေရာက အသင်းတို့ရဲ့တွေ့ဆုံမှုလို့ဆိုရင်လည်း မမှားပါဘူး။ မက်ဇ်ကတော့ ၃ ပွဲဆက်အရှုံးကြောင့် ဇယားအောက်ခြေရောက်လာတာပါ။

ဒါ့အပြင် မက်ဇ်ဟာ ဒီရာသီ လီဂူးမှာ ပေဂိုးအများဆုံးအသင်းလည်းဖြစ်နေပြန်ပါတယ်။ မက်ဇ်ရဲ့အား နည်းချက်တစ်ခုက တိုက်စစ်အရည်အသွေးမြင့်အသင်းတွေနဲ့ဆို ဂိုးများများပေးရတာပါ။ ဒီရာသီ အိမ်ကွင်းမှာမာဆေးကို ၃ ဂိုးပြတ်နဲ့ ရှုံးခဲ့သလို မိုနာကိုနဲ့လိုင်လီတို့ကိုလည်း စုစုပေါင်း၁၁ ဂိုးပေးခဲ့ရပါတယ်။ ပီအက်စ်ဂျီကတော့ ဇယားထိပ်ပြန်ရောက်ဖို့အတွက်လီဂူးမှာ ပိုပြီးအားစိုက်လာမှာပါ။

အစဉ်အလာအရလည်း မက်ဇ်ဟာ ပီအက်စ်ဂျီရဲ့ငယ်နိုင်လို့ ဆိုနိုင်ပါတယ်။ဘာကြောင့်လဲဆို မက်ဇ်နဲ့နောက်ဆုံးတွေ့ဆုံမှု ၁၅ ပွဲစလုံးမှာပီအက်စ်ဂျီနိုင်ခဲ့သလို အဲဒီထဲက ၁၄ ပွဲစလုံးမှာလည်း အနိမ့်ဆုံး၂ ဂိုးနှုန်းသွင်းနိုင်ခဲ့တာပါ။ လောလောဆယ်တော့ ပီအက်စ်ဂျီက၂+၄၀ အကျောပေးထားပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုကတစ်ဖက်သက်ဆန်တဲ့အပြင်ခံစစ်ညံ့အိမ်ရှင်ကြောင့်လည်း စနေညတစ်ကွက်ကောင်းအဖြစ်ပီအက်စ်ဂျီကို ရွေးချယ်ပေးလိုက်တာပါ။
ရွေးချယ်မှု – ပီအက်စ်ဂျီ

Leave a Reply

Your email address will not be published. Required fields are marked *