Posted in

အနိုင်ရဖို့သေချာပြီးဂိုးပြတ်၊ မပြတ်သာစောင့်ကြည့်ရမယ့် မန်စီးတီးပဲရွေ:

အနိုင်ရဖို့သေချာပြီးဂိုးပြတ်၊ မပြတ်သာစောင့်ကြည့်ရမယ့် မန်စီးတီးပဲရွေ:
Diamond Seven – Tipster
ယခုတစ်ပတ်စနေညရဲ့အကြိုက်ဆုံးအပိုင်တစ်ကွက်ကိုပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့မန်စီးတီး-နယူးကာဆယ်ပွဲစဉ်ကနေရွေးချယ်ပေးချင်ပါတယ်။
မန်စီးတီး
ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်မန်စီးတီးအခြေအနေပြန်ကောင်းလာပါပြီ။ ထိပ်ဆုံးကအာဆင်နယ်၂ပွဲဆက်သရေကျခဲ့ပြီး အမှတ်တွေဆုံးရှုံးနေချိန်မှာအခွင့်အရေးကို အမီအရဆုပ်ကိုင်နိုင်ဖို့  အခုလိုအိမ်ကွင်းပွဲမှာမန်စီးတီး အထူးကြိုးစားလာတော့မှာသေချာပါတယ်။ လတ်တလောမှာလည်း နောက်ဆုံး၄ပွဲဆက်၂ဂိုးပြတ်တွေချည်းအနိုင်ရထားခဲ့တဲ့အထိမန်စီးတီးရဲ့ခြေစွမ်းကအမြင့်ဆုံးအ
နေအထားရောက်နေတာပါ။ ဘုန်းမောက်ကပြောင်းလာတဲ့ ဆီမီညိုကအသင်းနဲ့တဖြည်းဖြည်းအံဝင်လာသလိုဟာလန်း၊ မာမွတ်ရှ်တို့ရဲ့ဂိုးသွင်းခြေကောင်းလာမှုတွေကလည်းမန်စီးတီးနိုင်ပွဲတွေရဲ့အဓိကအချက်ဖြစ်နေပါတယ်။
နယူးကာဆယ်
ကြားရက်မှာကွာရာဘတ်ကွင်း ချန်ပီယံလိဂ်သွားကစားခဲ့ရတာမို့နယူးကာဆယ်အနေနဲ့ခရီးပန်းမှုရှိနေမှာကတော့အသေအချာပါပဲ။ နယူးကာဆယ်ကပရီးမီးယားလိဂ်မှာလည်းရလဒ်မကောင်းဘဲနောက်ဆုံး ၅ပွဲမှာဆို ၃ပွဲရှုံး၊ ၁ပွဲသရေနဲ့ စပါးကိုနိုင်ခဲ့တဲ့ ၁ပွဲသာရှိခဲ့တာပါ။ အဝေးကွင်းဆိုဂေါ်ဒွန်၊ အီလန်ဂါတို့   တိုက်စစ်ကစားပုံ အားရစရာလည်းမရှိတာမို့ မန်စီးတီးခံစစ်ပိုင်းကိုထိုးဖောက်နိုင်ဖို့ဆိုတာလည်း ခက်ခဲနေဦးမှာပါ။
ခန့်မှန်းချက်
နယူးကာဆယ်က ၁-၄၀ အထိတောင်ကြေးပြင်းဖွင့်ထားပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၅ရက်ကမှလိဂ်ဖလားမှာတွေ့ဆုံခဲ့တာလည်းဖြစ်ပြီး မန်စီးတီးက  ၃-၁  နဲ့အနိုင်ရခဲ့ပါတယ်။အာဆင်နယ်အမှတ်တွေဆုံးရှုံးနေချိန်အခွင့်ကောင်းကိုအရယူဖို့အတွက်မန်စီးတီးရဲ့အခုအိမ်ကွင်းကအထူးအရေးကြီးနေတာပါ။ အနိုင်ရဖို့သေချာပြီးဂိုးပြတ်၊ မပြတ်သာစောင့်ကြည့်ရမယ့် မန်စီးတီးပဲရွေးချယ်ချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *