SATURDAY ONE SHOT/ONE TARGET (Super Zay)
********************************************
ONE SHOT/ONE TARGET ဆိုတာ ဖွင့်လှစ်မှုနဲ့ ခြေစွမ်းအရ ဖြစ်နိုင်ခြေအရှိဆုံး ပစ်မှတ်ပွဲတစ်ပွဲကို ရွေးထုတ်တဲ့အစီအစဉ်လေးပါ။ ဒီတစ်ပတ်မှာ စနေညအတွက်တစ်ကွက်ကောင်းကို မန်စီးတီးနဲ့ဝက်စ်ဟမ်းတို့ရဲ့ပရီးမီးယားလိဂ်ပွဲက ရွေးချယ်ထားပါတယ်။ ဒုတိယနေရာက အသင်းနဲ့ တန်းဆင်းဇုန်ထဲက အသင်းတို့ရဲ့တွေ့ဆုံမှုလို့ ဆိုရင်လည်း မမှားပါဘူး။ ဒီထဲမှာ စီတီးက ဦးဆောင်သူအာဆင်နယ်ကို အဓိကဖိအားပေးနေတဲ့အသင်းပါ။
ပြိုင်ပွဲစုံ ၆ ပွဲဆက်အနိုင်နဲ့အတူ စီးတီးဟာ အကောင်းဆုံးပုံစံလည်း ရနေပါတယ်။ကြားရက်ကာရာဘောင်းကွာတားတုန်းကဆို ဂွါဒီယိုလာဟာ ဟာလန်းနဲ့ဒွန်နာရမ်မာတို့လို ကစားသမားတွေကိုတောင် ထုတ်မသုံးခဲ့ပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် ပရီးမီးယားလိဂ်အတွက် သူတို့ ဘယ်လောက်အားခဲထားတယ်ဆိုတာကို တွေ့မြင်နိုင်ပါတယ်။ စီးတီးဟာ ပရီးမီးယားလိဂ်က နောက်ဆုံးအိမ်ကွင်း ၇ ပွဲမှာ ၆ ပွဲကို အနိမ့်ဆုံး ၂ ဂိုးပြတ်နဲ့ နိုင်ထားတာပါ။
ရုန်းနေပေမယ့် ခံစစ်အားနည်းနေဆဲ ဝက်စ်ဟမ်းကတော့ စီးတီးနဲ့ပရီးမီးယားလိဂ်အဝေးကွင်းတွေ့ဆုံမှု နောက်ဆုံး ၁၆ ပွဲမှာ ၁၅ ပွဲ ရှုံးထားပါတယ်။ ဒါ့အပြင်ဝက်စ်ဟမ်းဟာ စီးတီးနဲ့ ပရီးမီးယားလိဂ်တွေ့ဆုံမှု နောက်ဆုံး ၅ ကြိမ်စလုံးမှာလည်း အနိမ့်ဆုံး ၃ ဂိုးနှုန်းပေးခဲ့ရတာပါ။ ဒါကြောင့်လည်း စီးတီးက ၂=
အကျောပေးထားတာပေါ့။ ဈေးအရရော ခြေအရအပြင် ထိပ်တိုက်တွေ့ဆုံမှုအရပါ အနိမ့်ဆုံး ၂ ဂိုးပြတ်က စကြည့်ရမယ့် မိုးပြာရောင်တပ်သားတွေလို့ဆိုချင်ပါတယ်။
ရွေးချယ်မှု – မန်စီးတီး
