Posted in

Super Zay ရဲ့တနင်္ဂနွေညအကြိုက်တစ်ပွဲ

SUNDAY ONE SHOT/ONE TARGET (Super Zay)
*********************************
ONE SHOT/ONE TARGET ဆိုတာ ဖွင့်လှစ်မှုနဲ့ ခြေစွမ်းအရ ဖြစ်နိုင်ခြေအရှိဆုံး ပစ်မှတ်ပွဲတစ်ပွဲကို ရွေးထုတ်တဲ့အစီအစဉ်လေးပါ။ ဒီတစ်ပတ်မှာ တနင်္ဂနွေညအတွက်တစ်ကွက်ကောင်းကိုလည်း ပရီးမီးယားလိဂ်ကပဲ ဆက်ရွေးထားပြီး မန်စီးတီးနဲ့ဘုန်းမောက်တို့ရဲ့ပွဲကို ရွေးချယ်သုံးသပ်ကြည့်ချင်ပါတယ်။ စနေညပွဲတွေအပြီးအဆင့် ၈ နေရာ ဆင်းပေးလိုက်ရတဲ့ မန်စီးတီးနဲ့ ဒီရာသီရဲ့အံ့အားသင့်ဖွယ်ဖြစ်နေတဲ့ဒုတိယနေရာက ဘုန်းမောက်တို့ရဲ့တွေ့ဆုံမှုလို့ ဆိုရင်လည်း မမှားပါဘူး။ ဒါ့အပြင်ဒီရာသီ ပရီးမီးယားလိဂ်က ဂိုးသွင်းအများဆုံးစာရင်းဝင်အသင်းနှစ်သင်းရဲ့တွေ့ဆုံမှုလည်း ဖြစ်နေတယ်။

မန်စီးတီးဆို နောက်ဆုံးအိမ်ကွင်း ၄ ပွဲစလုံးမှာ အနိမ့်ဆုံး ၂ ဂိုးနှုန်းသွင်းထားတာပါ။ဒါပေမဲ့ အခုရာသီ စီးတီးခံစစ်က စိတ်မချရပါဘူး။ ပေဂိုးမဲ့ပွဲတွေ များလာပေမယ့်ဒီယက်စ်တို့ခံစစ်က တစ်ခါတစ်လေ ထဖောက်တတ်တဲ့ ပုံစံလေးတော့ ရှိပါတယ်။ အထူးသဖြင့် ဘုန်းမောက်လို လက်ရှိအချိန်မှာ ဖန်တီးမှုအားကောင်းအသင်းတွေနဲ့ဆိုရင်ပေါ့။

ဘုန်းမောက်က ဒီရာသီ အဝေးကွင်းပွဲတိုင်းမှာ ဂိုးသွင်းထားသလို ပဲလေ့စ်၊ လီဗာပူးနဲ့လိဒ်ကွင်းတွေမှာ အနိမ့်ဆုံး ၂ ဂိုးနှုန်းလည်း သွင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီရာသီအဝေးကွင်းပွဲတွေမှာ ဘုန်းမောက်ဂိုးမပေးရတာလည်း ၁ ပွဲသာ ရှိခဲ့တယ်။ အစဉ်အလာအရ စီးတီးအိမ်ကွင်း ဘုန်းမောက်နဲ့နောက်ဆုံးတွေ့ဆုံမှု ၉ ပွဲစလုံးမှာလည်း နှစ်ဖက်သွင်းဂိုး ၃ ဂိုးနဲ့အထက် ရှိထားတာပါ။ ၃= ဆိုတဲ့ ဂိုးပေါင်းဈေးကလည်း မနိမ့်တာကြောင့်မန်စီးတီးဂိုးပေါ်ကို တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းအဖြစ် ရွေးချယ်ပေးလိုက်ပါတယ်။
ရွေးချယ်မှု – မန်စီးတီးဂိုးပေါ်

Leave a Reply

Your email address will not be published. Required fields are marked *