မန်စီးတီးအနိုင်သေချာပြီး ဂိုးပြတ်လည်းအောင်ပွဲခံသွားနိုင်တယ်
Diamond Seven – Tipster
ပြီးခဲ့တဲ့အပတ်က ဘာစီလိုနာရွေးချယ်ပေးခဲ့မှု အပြည့်အဝအောင်မြင်ခဲ့လို့ အားပေးသူပရိသတ်တွေလည်း ထပ်တူအောင်ပွဲခံနိုင်ခဲ့မယ်လို့ သုံးသပ်မိပါတယ်။ ယခုတစ်ပတ်မှာတော့ အားလုံးစိတ်ဝင်တစားစောင့်ကြည့်ကြမယ့် ပရီးမီးယားလိဂ်ရဲ့အစောဆုံးပွဲဖြစ်တဲ့ မန်စီးတီး-စပါးပွဲကနေ ရွေးချယ်ပေးချင်ပါတယ်။
မန်စီးတီး
နည်းပြဂွါဒီယိုလာရဲ့မန်စီးတီးကရာသီအဖွင့်ပွဲစဉ်မှာပဲဝုဗ်ကိုခြေစွမ်းပြပြီး ၄-ဝ ဂိုးနဲ့အနိုင်ယူပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ရလဒ်မကောင်း၊ ခြေစွမ်းပိုင်းအားနည်းတာတွေကိုအကောင်းဆုံးပြင်ဆင်လာနိုင်ခဲ့တဲ့ မန်စီးတီးရဲ့ခြေစွမ်းကအတော့်ကို အားရစရာကောင်းလှပါတယ်။ဟာလန်းဂိုးသွင်းခြေပြန်ရလာသလို ဒိုကုနဲ့ မာမွတ်ရှ်တို့ရဲ့ထိုးဖောက်မှုတွေကလည်းထိရောက်တာမို့ မန်စီးတီးဂိုးမရမှာလည်း မပူရပါဘူး။ ဒီဘရိုင်းမရှိတော့ပေမယ့်အသစ်ရောက်လာတဲ့ရီဂျင်ဒါကကွင်းလယ်မှာ အားကိုးရသလို ဂွန်ဇာလက်၊ ဂန်ဒိုဂန်တို့နဲ့အတွဲညီညီခြေစွမ်းပြနေတာမို့ စပါးကိုလည်းတစ်ပွဲလုံး အသာစီးရယူကစားနိုင်ဦးမှာ သေချာပါတယ်။
စပါး
စပါးကဘန်လေကိုနိုင်ခဲ့ပေမယ့် ထင်သလောက်တော့ ကစားအားမကောင်းခဲ့ပါဘူး။ ရစ်ချာလီဆန် ဂိုးသွင်းခြေစွမ်းတွေ့ခဲ့လို့ဂိုးပြတ်ခဲ့တာဖြစ်ပြီး ကွင်းလယ်ပိုင်းအားနည်းမှုကိုတော့ မပြင်ဆင်နိုင်သေးပါဘူး။ ရိုမီယိုနဲ့ ဗန်ဒီဘန်တို့ကလည်းလျှင်မြန်ပြီးတိုးအားကောင်းတဲ့တိုက်စစ်နဲ့ဆို အမြဲဂိုးတွေခွင့်ပြုရတာမို့ မန်စီးတီးတိုက်စစ်ကိုလည်း ခက်ခက်ခဲခဲတားဆီးရဦးမှာပါ။ပြီးခဲ့တဲ့ရာသီအဝေးကွင်းရလဒ်ညံ့ခဲ့တဲ့စပါးအတွက်အခုပွဲမှာလည်းသရေရဖို့ကိုသာ ဦးတည်ကစားလာမှာ သေချာပါတယ်။
ခန့်မှန်းချက်
မန်စီးတီးက၁-၂၀ အထိကြေးပြင်းဖွင့်လှစ်ထားပါတယ်။ကြေးပေးရလောက်အောင်လည်း ပွဲစဉ်-၁မှာ ဝုဗ်ကိုကစားသွားခဲ့တဲ့ မန်စီးတီးရဲ့ခြေစွမ်းကရှယ်လန်းခဲ့တာပါ။အိမ်ကွင်းထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်း အသာရခဲ့တဲ့မန်စီးတီး အနိုင်သေချာပြီး ဟာလန်းနဲ့ ဒိုကုတို့တိုက်စစ်ဂိုးစောစောရသွားမယ်ဆိုရင် ၂ဂိုး၊၃ဂိုးပြတ်ဖို့လည်း မခက်နိုင်ပါဘူး။
