SUNDAY ONE SHOT/ONE TARGET (Super Zay)
*******************************************
ONE SHOT/ONE TARGET ဆိုတာ ဖွင့်လှစ်မှုနဲ့ ခြေစွမ်းအရ ဖြစ်နိုင်ခြေအရှိဆုံးပစ်မှတ်ပွဲတစ်ပွဲကို ရွေးထုတ်တဲ့အစီအစဉ်လေးပါ။ ဒီတစ်ပတ်မှာ တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းကို မန်စီးတီးနဲ့ချဲလ်ဆီးတို့ရဲ့ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းက ရွေးချယ်ထားပါတယ်။ အဆင့် ၃ နဲ့ အဆင့် ၅ ဆိုပေမယ့်သူတို့နှစ်သင်းကြားမှာ ၁၁ မှတ်တောင်ကွာပါတယ်။ စီးတီးက ချန်ပီယံပြေးလမ်းထဲက အသင်းဖြစ်ပြီး ချဲလ်ဆီးကတော့ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲဝင်နေတာပါ။
ကြားရက်တုန်းက ဆန်းဒါးလန်းကွင်းမှာ ခြေချော်ခဲ့ရတဲ့ စီးတီးကတော့အခုပွဲမှာ ထိပ်ခြေချော်လို့ မရတော့ပါဘူး။ ဒါပေမဲ့ ဂွါဒီယိုလာရဲ့အသင်းဟာ ဒီရာသီ အိမ်ကွင်းမှာတော့ ပွဲတိုင်းနီးပါးနိုင်ထားပါတယ်။ ပြိုင်ပွဲစုံနောက်ဆုံးအိမ်ကွင်း ၁၂ ပွဲမှာ စီးတီး ၁၁ ပွဲနိုင်ခဲ့တာပါ။ ဒီအချိန်မှာချဲလ်ဆီးကတော့ မာရက်စ်ကာနေရာ ယာယီအစားဝင်တဲ့ ယူ-၂၁ နည်းပြမက်ဖာလိန်းနဲ့ စီးတီးကို ရင်ဆိုင်ဖို့ စီစဉ်ထားပါတယ်။
ယာယီနည်းပြနဲ့ အားနည်းနိုင်တဲ့ ချဲလ်ဆီးကို ဧည့်ခံရတာဟာ စီးတီးအတွက် အခွင့်အလမ်းကောင်းပါ။ အနိမ့်ဆုံး ၂ ဂိုးနှုန်းပေးနေရတဲ့လက်ရှိချဲလ်ဆီးခံစစ်ကလည်း ဟာလန်းတို့တိုက်စစ်ကို ထိန်းနိုင်ဖို့မလွယ်ပါဘူး။ ဒါ့အပြင် ချဲလ်ဆီးဟာ မန်စီးတီးနဲ့နောက်ဆုံးတွေ့ဆုံမှု၁၂ ပွဲမှာလည်း ၁၀ ပွဲ ရှုံးထားတာပါ။ အဲဒါကြောင့်လည်း တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းအဖြစ် ၁+၂၀ အကျောပေးထားတဲ့စီးတီးကို ရွေးချယ်ပေးလိုက်ပါတယ်။
ရွေးချယ်မှု – မန်စီးတီး
