Posted in

တနင်္ဂနွေညအတွက်မန်ယူ နှင့်အာဆင်နယ်ပွဲကြိုသုံးသပ်ချက်

အပြန်အလှန်သွင်းဂိုးတွေမြင်ရနိုင်လို့ ဂိုးအပေါ်ရွေး
Diamond Seven – Tipster
ယခုတစ်ပတ်  တနင်္ဂနွေည အကြိုက်ဆုံးအပိုင်တစ်ကွက်ရွေးချယ်မှုကို  ဒီတစ်ပတ်ရဲ့အကောင်း ဆုံးနဲ့ ပရိသတ်စိတ်ဝင်အစားဆုံးပွဲဖြစ်တဲ့ မန်ယူ-အာဆင်နယ်ပွဲကနေ ရွေးချယ်ပေးချင်ပါတယ်။
မန်ယူ
ဒီရာသီမှာ လူအင်အားဖြည့်တင်းမှုတွေလုပ်ထားတဲ့  မန်ယူအတွက်  အိမ်ကွင်းအဖွင့်ပွဲမှာ အကောင်းဆုံးခြေစွမ်းနဲ့  စတင်နိုင်ဖို့အစွမ်းကုန်ကြိုးစားလာမှာ သေချာပါတယ်။ အမ်ဗျူမို၊ကန်ဟာ တို့လို  တိုက်စစ်ကစားသမားကောင်းတွေကိုခေါ်ယူထားနိုင်သလိုဟို့ဂျ်လန်နဲ့ အာမက်ဒီယာလိုတို့လည်းရှိနေတဲ့ မန်ယူတိုက်စစ်ပိုင်းကတောင့်တင်းနေလို့အာဆင်နယ်ခံစစ်ကိုလည်း ထိထိရောက်ရောက်ထိုးဖောက်နိုင်မှာသေချာပါတယ်။  ဒါပေမဲ့ဂိုးသမားဘေယင်ဒါ နဲ့ပွဲထွက်လာမယ့် ခံစစ်ပိုင်းစိတ်မချရသေးသလိုဒီလစ်၊   မက်ဂွိုင်းယားနဲ့  လုခ်ရှောတို့ရဲ့ခံစစ်ပိုင်းကလည်းပြီးခဲ့တဲ့ရာသီကလိုပဲ အမှားများနေဦးမှာမို့အာဆင်နယ်တိုက်စစ်ကိုလည်းခက်ခက်ခဲခဲထိန်းချုပ်ရဦးမှာပါ။
အာဆင်နယ်
မနှစ်ကဒုတိယနဲ့သာကျေနပ်ခဲ့ရတဲ့ အာဆင်နယ်ကယခုရာသီမှာ ယိုကီရက်စ်၊  မာဒူကီ၊ကီပါနဲ့ဇူဘီမန်ဒီတို့လိုကစားသမားကောင်းတွေကို ခေါ်ယူထားနိုင်ပါတယ်။  ဆာကာ၊  အိုဒီဂတ်နဲ့ဒီကလန်ရိုက်စ် တို့လို    အရည်အသွေးမြင့်တိုက်စစ်ကစားသမားတွေလည်းရှိနေသေးတာမို့ ယခုရာသီမှာလည်း အာဆင်နယ်ရဲ့ တိုက်စစ်ပိုင်းကအကောင်းဆုံးပုံစံနဲ့ ကစားနိုင်ဦးမှာပါ။နည်းပြအာတီတာကလည်းဒီရာသီမှာ တိုက်စစ်အားသန်ကစားကွက်ကိုသာဆက်အသုံးပြုဦးမှာမို့အာဆင်နယ်ပွဲတွေဆို ဂိုးထွက်ပေါ်မှုတွေ များဦးမှာ သေချာပါတယ်။
ခန့်မှန်းချက်
အာဆင်နယ်က -၈၀၊ ဂိုးပေါင်း ၃+၅၀ဖွင့်လှစ်ထားပါတယ်။ ဒီပွဲစဉ်မှာ အသင်းရွေးချယ်မှုထက်ဂိုးပေါင်းကိုသာ အဓိကထား ရွေးချယ်ပေးချင်ပါတယ်။ မန်ယူကလည်းအိမ်ကွင်းအဖွင့်ပွဲမှာအနိုင်ရဖို့အတွက် တိုက်စစ်ဖွင့်ကစားလာမှာဖြစ်သလိုအာဆင်နယ်ရဲ့ တိုက်စစ်ပိုင်းကလည်း အကောင်းဆုံးပုံစံမှာရှိနေလို့ ဂိုးပြန်ရမှာ သေချာပါတယ်။အပြန်အလှန်သွင်းဂိုးတွေကိုမြင်ရနိုင်လို့ ဂိုးအပေါ်ကိုပဲ ရွေးချယ်ချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *