သရေအနိမ့်ဆုံးကစားနိုင်တဲ့နာပိုလီကို ၄၀ရှုံးနဲ့အပြည့်နိုင်လဲပြီး အားပေးမယ်
Diamond Seven – Tipster
ယခုတစ်ပတ်တနင်္ဂနွေညအကြိုက်ဆုံးအပိုင်တစ်ကွက်ရွေးချယ်မှုကိုစီးရီးအေပွဲစဉ်ဖြစ်တဲ့နာပိုလီ – ဂျူဗင်တပ်ပွဲကနေရွေးချယ်ပေးချင်ပါတယ်။
နာပိုလီ
ဒီဘရိုင်းဒဏ်ရာရနေပေမယ့်လည်းနာပိုလီရဲ့ခြေစွမ်းလုံးဝမကျသွားဘဲ နိုင်ပွဲတွေဆက်နေခဲ့ပါတယ်။ နာပိုလီနိုင်ခဲ့တဲ့အသင်းတွေကလည်းရိုးမား၊ အတ္တလန်တာ၊ အင်တာမီလန်တို့လို ထိပ်ဆုံးက အသင်းတွေတောင်ပါခဲ့တာမို့ခြေစွမ်းတကယ်ကောင်းနေတာသိသာနေပါတယ်။ ဟို့ဂျ်လန်၊ နီရက်စ်နဲ့ နိုအာလန်းတို့ရဲ့တိုက်စစ်ကအိမ်ကွင်းဆိုဂိုးသွင်းခြေကောင်းတွမ်မီနေး၊ လိုဘော့ကာတို့ ဦးဆောင်တဲ့ ကွင်းလယ်ကလည်းခံစစ်ရောတိုက်စစ်ပိုင်းတွေမှာပါအကောင်းဆုံးလိုက်ပါကစားနိုင်တာမို့ အခုလိုရလဒ်တွေကောင်းနေခဲ့တာဖြစ်ပါတယ်။
ဂျူဗင်တပ်
ဂျူဗင်တပ်ကအိမ်ကွင်းတွေမှာသာရလဒ်ကောင်းပြီး အဝေးကွင်းဆိုရင်တော့ခြေစွမ်းနဲ့ကစားအားသိသိသာကျသွားတာတွေ့နေရပါတယ်။ စီးရီးအေအဝေးကွင်းနောက်ဆုံး ၅ပွဲမှာလည်း ၂ပွဲရှုံး၊ ၂ပွဲသရေနဲ့ ခရီမိုနန်စီကို နိုင်ခဲ့တဲ့၁ပွဲသာရှိခဲ့ပါတယ်။ အဝေးကွင်းဆို ကယ်လီ၊ ကော့မီးနီးယားနဲ့ ကာလူလူတို့ခံစစ်က ဂိုးအမြဲပေးနေရပုံနဲ့ ယခုပွဲမှာလည်း နာပိုလီတိုက်စစ်ကိုထိန်းချုပ်ဖို့ခက်ခဲနေဦးမှာပါ။ ဒီရာသီအသင်းကြီးတွေနဲ့တွေ့ဆုံမှုမှာလည်း အင်တာနဲ့ ၁ပွဲသာအနိုင်ရခဲ့ပြီး ကျန်ပွဲတွေမှာ သရေနဲ့ အရှုံးရလဒ်တွေသာ ဂျူဗင်တပ်ရခဲ့တာကိုလည်း သတိပြုရပါမယ်။
ခန့်မှန်းချက်
နာပိုလီက -၄၀ သာ အကျောပေးထားလို့အနည်းငယ်ပျော့နေတယ်ဆိုရပါမယ်။ ဒါပေမဲ့အိမ်ကွင်းဆို ခြေစွမ်းပိုင်းသိသိသာကောင်းမွန်တဲ့ နာပိုလီအသာရမှာကတော့သေချာနေပါတယ်။ တွမ်မီနေး၊ လိုဘော့ကာ၊ နီရက်စ်နဲ့ ဟို့ဂျ်လန်တို့ ကွင်းလယ်နဲ့တိုက်စစ် အတော်အတွဲညီနေတာမို့ ဂျူဗင်တပ်ကိုအသာစီးကစားနိုင်ဦးမှာပါ။သရေအနိမ့်ဆုံးကစားနိုင်တဲ့နာပိုလီကို ၄၀ရှုံးနဲ့အပြည့်နိုင်လဲပြီး အားပေးမယ်။
