အမ်ဗျူမို၊ ကန်ဟာတို့ တိုက်စစ်အားနဲ့ မန်ယူပဲအနိမ့်ဆုံးသရေကစားသွားနိုင်ဦးမှာပါ
Diamond Seven – Tipster
ပြီးခဲ့တဲ့အပတ်ကနယူးကာဆယ်ရွေးချယ်ပေးခဲ့မှု အောင်မြင်ခဲ့လို့ အားပေးသူတွေလည်းကျေနပ်မှုရရှိခဲ့ကြမယ်ထင်မိပါတယ်။ယခုတစ်ပတ်မှာလည်းအားလုံး စိတ်ဝင်စားစောင့်ကြည့်ကြမယ့် နော်တင်ဟမ်-မန်ယူ ပွဲကနေ စနေအကြိုက်ဆုံးအပိုင်တစ်ကွက်ကိုရွေးချယ်ပေးချင်ပါတယ်။
နော်တင်ဟမ်
နော်တင်ဟမ်ကနည်းပြသစ်ရှောင်ဒိုင်ချီလက်ထက်မှာလည်း ခြေစွမ်းသိသိသာသာတိုးတက်လာခြင်းမရှိသေးပါဘူး။ ပထမဆုံးကိုင်တွယ်ခွင့်ရတဲ့ယူရိုပါလိဂ်မှာ ပေါ်တိုကိုနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်စကိုင်ခဲ့ရတဲ့ပွဲမှာတော့ ဘုန်းမောက်ကို ဘယ်လိုမှမယှဉ်နိုင်ဘဲ၂-ဝ နဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။မီလန်ကိုဗစ်နဲ့ ဆန်တီယာဂိုတို့ခံစစ်ပိုင်းကလည်းခြေစွမ်းပုံမှန်မရသေးတာမို့ တိုက်စစ်ပုံစံကောင်းရနေတဲ့မန်ယူကိုပွဲချိန်ပြည့်ထိန်းနိုင်ဖို့မလွယ်ကူပါဘူး။
မန်ယူ
မန်ယူကနောက်ဆုံး ၃ပွဲဆက်အနိုင်နဲ့အတူအဆင့်-၆ အထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ အနိုင်ရခဲ့တဲ့အသင်းတွေကလည်းဆန်းဒါးလန်း၊ လီဗာပူး၊ ဘရိုက်တန် တို့လို လတ်တလောခြေစွမ်းတက်နေတဲ့အသင်းတွေမို့ မန်ယူခြေစွမ်းတကယ်ကောင်းလာခဲ့တယ်ဆိုတာငြင်းမရပါဘူး။ အထူးသဖြင့် အမ်ဗျူမိုခြေစွမ်းပြလာတဲ့တိုက်စစ်ပိုင်းကဂိုးပုံဖော်မှုအားကောင်းလာသလို ကန်ဟာ၊အာမက်ဒီယာလို၊ ဆက်စ်ကိုတို့ကလည်းဂိုးသွင်းခြေကောင်းလာတာမို့ မန်ယူရလဒ်
ပိုင်းတိုးတက်လာခဲ့တာဖြစ်ပါတယ်။
ခန့်မှန်းချက်
မန်ယူကအဝေးကွင်းမှာ သရေ၂၀ရှုံးအကျောပြန်ပေးထားပါတယ်။ မန်ယူရဲ့ခြေစွမ်းပိုင်းကောင်းမွန်နေတာမို့အခုလို ကြေးပြန်ပေးတာကဖြစ်သင့်ပါတယ်။ ကာစီမီရို၊ဖာနန်ဒက်စ် တို့ကွင်းလယ်ကလည်း တိုက်စစ်ကိုအကောင်းဆုံးပံ့ပိုးပေးနေတာမို့ အမ်ဗျူမို၊ကန်ဟာတို့ တိုက်စစ်အားနဲ့ မန်ယူပဲအနိမ့်ဆုံးသရေကစားသွားနိုင်ဦးမှာပါ။
