သရေအနိမ့်ဆုံးခံကန်လာမယ့် နော်တင်ဟမ်ပဲရွေးထား
Diamond Seven -Tipster
ယခုတစ်ပတ် တနင်္ဂနွေညအကြိုက်ဆုံးအပိုင်တစ်ကွက်ကိုပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့နော်တင်ဟမ်-စပါးပွဲကနေ ရွေးချယ်ပေးချင်ပါတယ်။
နော်တင်ဟမ်
နည်းပြရှောင်ဒိုင်ချီကိုင်တွယ်ပြီးနောက်ပိုင်းနော်တင်ဟမ်ခြေစွမ်းသိသိသာသာပြန်လည်တိုးတက်လာပါတယ်။ ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း အခြေအနေကောင်းနေသလို ပရီးမီးယားလိဂ်မှာလည်း ရလဒ်ပြန်ကောင်းလာခဲ့ပါတယ်။ ဒါပေမဲ့တန်းဆင်းဇုန်ဖိအားရှိနေသေးတဲ့ နော်တင်ဟမ်အတွက် အိမ်ကွင်းမှာ ရမှတ်တွေ ရသလောက်ယူပြရမှာမို့ အခုပွဲမှာလည်း အစွမ်းကုန်အားထုတ်လာမှာ သေချာပါတယ်။အိမ်ကွင်းဆို ဟက်ဆန်အိုဒွိုင်း၊ ကာလီမန်ဒိုနဲ့အိုင်ဂေါတို့ရဲ့တိုက်စစ်ကလည်းဂိုးသွင်းခြေအပြည့်ရှိတာမို့ ဂိုးမရမှာတော့ မပူရပါဘူး။
စပါး
စပါးကအိမ်ကွင်းခြေစွမ်းနဲ့ အဝေးကွင်းခြေစွမ်းသိသိသာသာကွာတဲ့အသင်းပါ။အိမ်ကွင်းနောက်ဆုံး ၂ပွဲဆက်တိုက်အနိုင်ရထားပေမယ့်လည်းအဝေးကွင်းနောက်ဆုံး ၄ပွဲမှာ၃ပွဲရှုံး၊ ၁ပွဲသရေနဲ့ နိုင်ပွဲပျောက်နေတဲ့အနေအထားကြောင့် နော်တင်ဟမ်ကွင်းမှာလည်းခက်ခက်ခဲခဲရုန်းကန်ရနိုင်ပါတယ်။ အဝေးကွင်းဆိုလည်း ရိုမီယို၊ ပေါ့ရိုတို့ ခံစစ်ကဂိုးမပေးရတဲ့ပွဲ မရှိသလောက်ရှားပြီး ခံစစ်ကစားပုံလျော့ရဲတာကို မပြင်ဆင်နိုင်သေးပါဘူး။ ရစ်ချာလီဆန်နဲ့ ကိုလိုမူအာနီတို့ကိုတစ်လှည့်စီထုတ်သုံးနေရတဲ့ တိုက်စစ်ကလည်းအားနည်းနေတုန်းပါပဲ။
ခန့်မှန်းချက်
နော်တင်ဟမ်က -၁၅ သာ အိမ်ကွင်းမှာအကျောပေးထားပါတယ်။လတ်တလောမှာ ယုံကြည်မှုနဲ့ ပုံစံကောင်းရနေတဲ့ နော်တင်ဟမ်အနေနဲ့ အိမ်ကွင်းမှာ စပါးကိုကောင်းကောင်းရင်ဆိုင်ကစားနိုင်စွမ်းလည်း အပြည့်ရှိနေတာသိသာပါတယ်။ ဆန်တီယာဂို၊ မိုရာတိုနဲ့ ဇင်ချန်ကိုတို့ရဲ့ ခံစစ်ပိုင်းကလည်းအိမ်ကွင်းဆိုခပ်မာမာတုံ့ပြန်နိုင်စွမ်းလည်းအပြည့်ရှိနေပါတယ်။သရေအနိမ့်ဆုံးခံကန်လာမယ့် နော်တင်ဟမ်ပဲ
ရွေးထားချင်ပါတယ်။
