အနိုင်သေချာပြီး ဂိုးပြတ်၊ မပြတ်သာစောင့်ကြည့်ရမယ့် အာဆင်နယ်
Diamond Seven
ပြီးခဲ့တဲ့အပတ်ကရိုးမားရွေးချယ်ပေးခဲ့မှုအပြည့်အောင်မြင်ခဲ့လို့အားလုံးပျော်ရွှင်ခဲ့ကြမယ်လို့ ယုံကြည်မိပါတယ်။ ယခုတစ်ပတ်စနေညရဲ့အကြိုက်ဆုံးအပိုင်တစ်ကွက်ရွေးချယ်မှုကိုပရီးမီးယားလိဂ်ပွဲဖြစ်တဲ့နော်တင်ဟမ်-အာဆင်နယ်ပွဲကနေရွေးချယ်ပေးချင်ပါတယ်။
နော်တင်ဟမ်
ဝက်စ်ဟမ်းကို ပင်နယ်တီဂိုးနဲ့အနိုင်ရခဲ့ပြီး လိဂ် နောက်ဆုံး ၄ ပွဲဆက် ရှုံးပွဲဆက်မှုကိုရပ်တန့်နိုင်ခဲ့ပေမယ့် နော်တင်ဟမ်ရဲ့ ခြေစွမ်းပိုင်းကတော့ အားရစရာမရှိသေးပါဘူး။ ဆန်တီယာဂိုနဲ့ မီလန်ကိုဗစ်တို့ ခံစစ်က အရင်လိုမဟုတ်ဘဲ တောက်လျှောက်အမှားတွေများလာသလို ဂိုးသမား မက်ဆဲလ်က လက်စွမ်းမငြိမ်တာမို့ နောက်ပိုင်းမှာဆို နော်တင်ဟမ်ဂိုးမပေးရတဲ့ပွဲက မရှိသလောက်ဖြစ်နေတာ
ပါ။ အခုလိုခံစစ်နဲ့တော့ အာဆင်နယ်ရဲ့တိုက်စစ်ကိုထိန်းနိုင်ဖို့ဆိုတာဘယ်လိုမှမလွယ်ကူ
နိုင်ပါဘူး။
အာဆင်နယ်
အာဆင်နယ်က တစ်ပွဲထက် တစ်ပွဲကိုပိုကောင်းတဲ့ခြေစွမ်းတွေနဲ့နိုင်ပွဲတွေ ဆက်တိုက်ရယူပြနေတာပါ။ နောက်ဆုံးကစားခဲ့တဲ့လိဂ်ဖလားပွဲမှာလည်း ချဲလ်ဆီးကိုအဝေးကွင်းမှာ ၂-၃ ဂိုး နဲ့ အနိုင်ယူပြီး ဖလား ၃လုံးကြောင်းမှာ အကောင်းဆုံးရှိနေပါတယ်။ အာဆင်နယ် အခုလိုရလဒ်ကောင်းလာခဲ့ခြင်းမှာတိုက်စစ်ပိုင်းစွမ်းဆောင်ရည်က အဓိကကျခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ ယိုကီရက်စ်၊
ဆာကာ၊ ထရော့ဆက်၊ ဟာဗက်၊ မာတီနယ်လီ၊ မီရီနို၊ ဂျီးဆပ်စ်တို့နဲ့ တိုက်စစ်မှူးအလုံအလောက်ရှိနေခြင်းက ပြိုင်ဘက်အသင်းတွေထက်တစ်ပန်းသာနေခဲ့တာပါ။
ခန့်မှန်းချက်
အဝေးကွင်းမှာ ၁-၁၀ အထိ အာဆင်နယ်ကကြေးပြင်းဖွင့်လှစ်ထားပါတယ်။ ကွင်းတွင်းခြေစွမ်းမှာလည်း အာဆင်နယ်ကသိသိသာသာအသာရနေတယ်ဆိုရင်လည်း မမှားပါဘူး။အနိုင်သေချာပြီး ဂိုးပြတ်၊ မပြတ်သာစောင့်ကြည့်ရမယ့် အာဆင်နယ်ရွေးမယ်။
