SUNDAY ONE SHOT/ONE TARGET (Super Zay)
************************************************
ONE SHOT/ONE TARGET ဆိုတာ ဖွင့်လှစ်မှုနဲ့ ခြေစွမ်းအရ ဖြစ်နိုင်ခြေအရှိဆုံး ပစ်မှတ်ပွဲတစ်ပွဲကို ရွေးထုတ်တဲ့အစီအစဉ်လေးပါ။ ဒီတစ်ပတ်မှာ တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းကို စီးရိးအေက ရွေးချယ်ထားပြီး နာပိုလီနဲ့ရိုးမားတို့ရဲ့ပွဲကြီးပွဲကောင်းကို သုံးသပ်ကြည့်ချင်ပါတယ်။ ၃ မှတ်ကွာ အဆင့် ၃ နဲ့ ၅ တို့ရဲ့တွေ့ဆုံမှုလို့ ဆိုရင်လည်း မမှားပါဘူး။ ဒီထဲမှာ နာပိုလီဟာ ဒဏ်ရာပြသနာ
တွေရဲ့နောက်ဆက်တွဲအနေနဲ့ အခုနောက်ပိုင်း ရလဒ်ကျဆင်းနေပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာဆို နာပိုလီဟာ ၃ ပွဲသာ နိုင်ခဲ့တာပါ။ ကွင်းလယ်မှာ ဖန်တီးအားကောင်းတဲ့ ဒီဘရိုင်းနဲ့ တိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ နီရက်စ်တို့ဒဏ်ရာရနေတာဟာ စီးရီးအေချန်ပီယံအသင်းရဲ့ရလဒ်ပိုင်းအပေါ် အတော်သိသာစေပါတယ်။ တစ်ဖက်မှာ ရိုးမားရဲ့လက်ရှိရလဒ်ပိုင်းကလည်း အားရစရာ မကောင်းပါဘူး။ ပြိုင်ပွဲစုံနောက်ဆုံး ၄ ပွဲမှာလည်း ရိုးမား တစ်ပွဲသာ နိုင်ခဲ့တာပါ။
ထူးခြားချက်က ရိုးမားဟာ စီးရီးအေမှာ ဂိုးအောက်တွေပဲ တောက်လျှောက်ကန်နေပြီး နောက်ဆုံး ၇ ပွဲဆက် ဂိုးမများခဲ့ပါဘူး။ ထိပ်တိုက်တွေ့ဆုံမှုကိုကြည့်ရင်လည်း နာပိုလီနဲ့ရိုးမားတို့ကြားက နောက်ဆုံးတွေ့ဆုံမှု ၁၀ ပွဲမှာ၈ ပွဲက နှစ်ဖက်သွင်းဂိုး ၂ ဂိုးနဲ့အောက် ဖြစ်ခဲ့တာပါ။ အဲဒါကြောင့်လည်းဂိုးပေါင်းဈေး ၂= သာ ဖွင့်ထားသလို နှစ်သင်းစလုံးကလည်း အမှားမခံကြဖို့ များပါတယ်။ ဒါကြောင့်မို့ တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းအဖြစ် နာပိုလီဂိုးအောက်ကို ရွေးချယ်ပေးလိုက်တာပါ။
ရွေးချယ်မှု – နာပိုလီဂိုးအောက်
