အဝေးကွင်းမှာ အနိမ့်ဆုံးသရေကစားနိုင်စွမ်းရှိနေတဲ့ PSV ပဲရွေးချယ်ပါမယ်
အိုလံပီယာကို့စ် Vs PSV
Diamond Seven – Tipster
အဂ်ါနေ့ရဲ့ အကြိုက်ဆုံးအပိုင်တစ်ကွက်ကို ချန်ပီယံလိဂ်ပွဲစဥ်ဖြစ်တဲ့ အိုလံပီယာကို့စ်-PSV ပွဲကနေ ရွေးချယ်ပေးချင်ပါတယ်၊၊
အိုလံပီယာကို့စ်က ဂရိပြည်တွင်းလိဂ်မှာတော့ ခြေစွမ်းမဆိုးပေမယ့် ချန်ပီယံလိဂ်လိုအဆင့်မှာတော့ တစ်ဆင့်နိမ့်နေသေးတာ သိသာပါတယ်၊၊ ချန်ပီယံလိဂ် ၃ပွဲကစားပြီးချိန်မှာ ဘာစီလိုနာနဲ့ အာဆင်နယ်တို့ကို ဂိုးပြတ်ရှုံးခဲ့သလို ပါဖို့စ်လိုအသင်းကိုတောင် သရေပဲကန်နိုင်ခဲ့တာမို့ နောက်တစ်ဆင့်တက်ဖို့ဆိုတာ မလွယ်ကူလှပါဘူး၊၊
PSV ကတော့ တစ်ပွဲထက် တစ်ပွဲ ခြေစွမ်းပိုကောင်းလာပြီး နောက်ဆုံး ၈ပွဲမှာ ၆ပွဲနိုင်၊ ၂ပွဲသရေ ကစားထားနိုင်ပါတယ်၊၊ နာပိုလီနဲ့ ချန်ပီယံလိဂ်ပွဲမှာဆို ပါရီဆစ်၊ ဆိုင်ဘာရီနဲ့ ဗားမန်းတို့ကွင်းလယ်နဲ့ တိုက်စစ် အရမ်းကောင်းခဲ့ပြီး ၆-၂ ဂိုးနဲ့တောင် အနိုင်ရခဲ့ပါတယ်၊၊ လတ်တလောခြေစွမ်းနဲ့ အသင်းလိုက်စုစည်းမှု အကောင်းဆုံးပုံစံရနေတဲ့ PSV အနေနဲ့ ဂရိမြေမှာ ကောင်းကောင်းယှဥ်ကန်နိုင်ဦးမှာပါ၊၊
ဒဲ့ကြေးဖွင့်လှစ်ထားမှုအရ အဝေးကွင်းမှာ အနိမ့်ဆုံးသရေကစားနိုင်စွမ်းရှိနေတဲ့ PSV ပဲရွေးချယ်ပါမယ်၊၊
