Posted in

နည်းပြအပြောင်းအလဲလုပ်ပြီးအနိုင်ရရှိရေးအားစိုက်လာတဲ့ အိုဗီဒိုရွေး

နည်းပြအပြောင်းအလဲလုပ်ပြီး အနိုင်ရရှိရေးအားစိုက်လာတဲ့ အိုဗီဒိုရွေး
Diamond Seven – Tipster
သောကြာနေ့ရဲ့ အကြိုက်ဆုံးအပိုင်တစ်ကွက်ရွေးချယ်မှုအဖြစ် လာလီဂါပွဲစဉ်ဖြစ်တဲ့ အိုဗီဒို-အက်စ်ပန်ညို ပွဲကနေ ရွေးချယ်ပေးချင်ပါတယ်။ အိုဗီဒိုကရလဒ်တွေပြန်ကောင်းလာဖို့အတွက် နည်းပြအပြောင်းအလဲတောင် ပြုလုပ်ထားပါတယ်။ အိုဗီဒို နောက်ဆုံး ၄ပွဲမှာ ၃ပွဲရှုံးခဲ့တယ်ဆိုပေမယ့်လည်း ရီးရဲလ်၊ ဘာစီလိုနာတို့လို ထိပ်ဆုံးကအသင်းတွေနဲ့မို့ဆိုတာလည်း သတိပြုရပါမယ်။ ရွန်ဒွန်၊
ဘရီကာလိုနဲ့ ကာဇိုလာတို့ရဲ့ ကွင်းလယ်နဲ့တိုက်စစ်ပိုင်းကလည်း အိမ်ကွင်းဆိုကစားအားကောင်းတာမို့ အက်စ်ပန်ညိုကို ကောင်းကောင်းဧည့်ခံနိုင်မှာလည်းသေချာပါတယ်။

အက်စ်ပန်ညိုက နောက်ဆုံး ၄ပွဲဆက်နိုင်ပွဲပျောက်နေသလို ခြေစွမ်းနဲ့ကစားအားလည်း ကျနေပါတယ်။ ဒီရာသီလာလီဂါအဝေးကွင်း ၃ပွဲလုံးလည်း နိုင်ပွဲမရခဲ့သေးတဲ့ အက်စ်ပန်ညိုအနေနဲ့ အိုဗီဒိုကွင်းမှာလည်း ရုန်းကန်ရဦးမှာပါ။ ကာဘရီရာနဲ့ ကာလီရိုတို့ရဲ့ခံစစ်ကလည်း အဝေးကွင်းဆို ဂိုးအမြဲပေးနေရတာမို့ ရလဒ်ကောင်းရရှိရေး ကစားအားတင်တာလာမယ့် အိုဗီဒိုတိုက်စစ်ကိုလည်း ခက်ခက်ခဲခဲတားဆီးရဦးမှာပါ။ အိမ်ကွင်းမှာ ဒဲ့ကြေးနီးနီးဖွင့်ထားပေမယ့် နည်းပြသစ်နဲ့တာထွက်လှဖို့ကြိုးစားမယ့် အိမ်ရှင်အိုဗီဒိုပဲရွေးချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *