အစဉ်အလာမပျက် ဂိုးများဖို့ မရှိတဲ့ ဝင်ဘလေက ကွန်မြူနတီဒိုင်း
(Super Zay)
တနင်္ဂနွေည ကွန်မြူနတီဒိုင်း ပွဲကြိုသုံးသပ်ချက်
ပဲလေ့စ် နှင့် လီဗာပူး(ည ၈း၃၀)
အက်ဖ်အေဖလားချန်ပီယံပဲလေ့စ်ဟာ ၂၀၂၅ ထဲ ဝင်ဘလေမှာ ကန်ရတဲ့၂ ပွဲစလုံးကို ပေးဂိုးမဲ့နိုင်ထားပါတယ်။အက်ဖ်အေဗိုလ်လုပွဲမှာ စီးတီးကို ခံစစ်အသားပေး တန်ပြန်တိုက်စစ်နဲ့အနိုင်ယူခဲ့တဲ့ လန်ဒန်ကလပ်ဟာ အသင်းကြီးတွေနဲ့ဆို မာမာထန်ထန်လည်း ကစားတတ်တာပါ။
ဒီနွေမှာ အကြီးအကျယ်သုံးစွဲထားတဲ့ လီဗာပူးကတော့ နောက်ပိုင်းတွေ့ဆုံမှုတွေမှာ ပဲလေ့စ်ကို အမြဲတမ်းခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရတယ်။ဒါ့အပြင် ပဲလေ့စ်နဲ့လီဗာပူးတို့ရဲ့နောက်ဆုံးတွေ့ဆုံမှု ၇ ကြိမ်မှာလည်း၆ ကြိမ်က ဂိုးမများခဲ့ပါဘူး။ အဲဒီလိုပဲ ကွန်မြူနတီဒိုင်းက နောက်ဆုံး ၈ ပွဲမှာ ၇ ပွဲက နှစ်ဖက်သွင်းဂိုး၂ ဂိုးနဲ့အောက် ဖြစ်ထားတယ်။ ဂိုးပေါင်းဈေး ၃+၅၀ ဆိုပေမယ့် ဝင်ဘလေက ကွန်မြူနတီဒိုင်းမှာအစဉ်အလာမပျက် ဂိုးနည်းမှာပါ။
