Posted in

ချန်ပီယံလိဂ်ခြေစစ်ပွဲစဉ်ပါနာသီနိုင်ကို့စ်-ရိန်းဂျားပွဲကြိုသုံးသပ်ချက်

အိမ်ကွင်းခြေစွမ်းကောင်းတဲ့ ပါနာသီနိုင်ကို့စ်အနိုင်ရမယ်
Diamond Seven -Tipster
ဗုဒ္ဓဟူးအကြိုက်ဆုံးတစ်ပွဲကောင်းကိုချန်ပီယံလိဂ်ခြေစစ်ပွဲစဉ်များထဲမှပါနာသီနိုင်ကို့စ်-ရိန်းဂျားပွဲစဉ်ကနေ ရွေးချယ်ပေးချင်ပါတယ်။ ပ-အကျော့ စကော့တလန်မြေမှာ ၂-ဝနဲ့ ရှုံးခဲ့ပေမယ့် ပါနာသီနိုင်ကို့စ် ခြေစွမ်းမညံ့ခဲ့ပါဘူး။ ဒုတိယပိုင်းမှာ တစ်ယောက်အထုတ်ခံခဲ့ရလို့သာကစားကွက်နိမ့်သွားခဲ့တာဖြစ်ပြီးပထမပိုင်းမှာဆို ပါနာသီနိုင်ကို့စ်ကတောင်ထိရောက်တဲ့ထိုးဖောက်မှုတွေ အများကြီးလုပ်နိုင်ခဲ့တာပါ။ အိမ်ကွင်းမှာဆို ဥရောပအသင်းကြီးတွေကိုတောင်အနိုင်ယူနိုင်စွမ်းရှိခဲ့တဲ့ ပါနာသီနိုင်ကို့စ်အနေနဲ့ ရိန်းဂျားကိုလည်း ပွဲချိန်ပြည့်ဖိအားပေးကစားနိုင်မှာလည်း သေချာပါတယ်။

 

ရိန်းဂျားကပ-အကျော့မှာဂိုးပြတ်နိုင်ထားတာမို့ အခုပွဲမှာ သရေရဖို့ကိုသာ ဦးတည်ကစားလာမှာပါ။ ဥရောပအဝေးကွင်းပွဲတွေဆိုရင်လည်း ရိန်းဂျားခြေစွမ်းပိုင်းက သိပ်မလန်းဘဲ ဂိုးတွေအမြဲပေးနေရပါတယ်။ ဆော့တာ၊ ဒီဂျီကာတို့ရဲ့ခံစစ်ကလည်း အဝေးကွင်းဆို ပိတ်ဆို့ပုံအားနည်းတာမို့ အစွမ်းကုန်တိုက်စစ်ဆင်လာမယ့်ပါနာသီနိုင်ကို့စ်တိုက်စစ်ကို ခက်ခက်ခဲခဲထိန်းချုပ်ရနိုင်ပါတယ်။ ပထမအကျော့မှာကစားပုံကောင်းခဲ့တဲ့ ပါနာသီနိုင်ကို့စ် နောက်တစ်ဆင့်မတက်ရင်သာနေမယ်သေချာပေါက်အနိုင်ရမယ်လို့ သုံးသပ်မိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *