SUNDAY ONE SHOT/ONE TARGET (Super Zay)
*********************************************
ONE SHOT/ONE TARGET ဆိုတာ ဖွင့်လှစ်မှုနဲ့ ခြေစွမ်းအရ ဖြစ်နိုင်ခြေအရှိဆုံး ပစ်မှတ်ပွဲတစ်ပွဲကို ရွေးထုတ်တဲ့အစီအစဉ်လေးပါ။ ဒီတစ်ပတ်မှာ တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းကို ပြင်သစ်လီဂူးက ရွေးချယ်ထားပြီး စထရာဘော့နဲ့ ပီအက်စ်ဂျီတို့ရဲ့ပွဲက ရွေးချယ်ထားပါတယ်။ အဆင့် ၇ အသင်းနဲ့ အမှတ်ပေးဇယားထိပ်အသင်းတို့ရဲ့တွေ့ဆုံမှုလို့ ဆိုရင်လည်း မမှားပါဘူး။ တောက်လျှောက်ရလဒ်ကောင်းနေတဲ့ စထရာဘော့ဟာ ၂၀၂၆ ထဲမှာလည်း နိုင်ပွဲဆက်နေတာပါ။
တိုက်စစ်အစွမ်းကြောင့် အခုလို ရလဒ်ကောင်းနေတာလို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ပြီးခဲ့တဲ့အပတ်တုန်းကဆို အဝေးကွင်းမှာ အဆင့် ၅ လိုင်လီကို ၄ ဂိုးသွင်းခဲ့တာပါ။ဒါပေမဲ့ စထရာဘော့ခံစစ်ကတော့ အမြဲလို ဂိုးပြန်ပေးနေရတယ်။ မကြာသေးခင်ကမှ ဇယားထိပ်နေရာ သိမ်းပိုက်နိုင်ခဲ့တဲ့ ပီအက်စ်ဂျီကတော့ ဒီရာသီ လီဂူးအဝေးကွင်းမှာ ဂိုးမပေးရတဲ့ပွဲက လက်ချိုးရေလို့ ရပါတယ်။
ဒါ့အပြင် ပီအက်စ်ဂျီဟာ စရာဘော့နဲ့ နောက်ဆုံးတွေ့ဆုံမှု ၁၀ ပွဲမှာလည်း ၉ ပွဲဂိုးပြန်ပေးခဲ့ရတာပါ။ အဲဒီလိုပဲစထရာဘော့နဲ့ ပီအက်စ်ဂျီတို့ကြားက နောက်ဆုံးတွေ့ဆုံမှု ၁၁ ပွဲမှာလည်း ၁၀ ပွဲက နှစ်ဖက်သွင်းဂိုး ၃ ဂိုးနဲ့အထက် ရှိခဲ့ပါတယ်။၃= ဆိုတဲ့ ဂိုးပေါင်းဈေးကလည်း မနိမ့်လှပဲ ပုံမှန်အတိုင်းပါပဲ။ လက်ရှိခြေအရလည်းနှစ်ဖက်ပေါင်းအနိမ့်ဆုံး ၃ ဂိုးရောက်ဖို့ မခက်တာကြောင့်တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းအဖြစ် ပီအက်စ်ဂျီဂိုးပေါ်ကို ရွေးချယ်ပေးလိုက်ပါတယ်။
ရွေးချယ်မှု – ပီအက်စ်ဂျီဂိုးပေါ်
