Posted in

ဂျာမန်ဘွန်ဒက်စ်လီဂါ-၂ ပွဲစဉ်မှရှော်ကေး-ဟာသာဘာလင်ပွဲကြိုသုံးသပ်ချက်

ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ဂိုးထွက်ပေါ်မှုများခဲ့တာမို့
အခုပွဲလည်း ဂိုးအပေါ်ရွေးမယ်
Diamond Seven – Tipster
သောကြာနေ့အကြိုက်ဆုံးတစ်ပွဲကောင်းကို ဂျာမန်ဘွန်ဒက်စ်လီဂါ-၂ ပွဲစဉ်ဖြစ်တဲ့ ရှော်ကေး-ဟာသာဘာလင် ပွဲကနေ ရွေးချယ်ပေးချင်ပါတယ်။ ဘွန်ဒက်စ်လီဂါ-၂ရဲ့ အသင်းကြီးနှစ်သင်း ရာသီအဖွင့်ပွဲစဉ်မှာ ဆုံတွေ့နေတာဖြစ်လို့ အကြိတ်အနယ်နဲ့ ကြည့်ကောင်းမှာ သေချာပါတယ်။ ရှော်ကေးက ပြီးခဲ့တဲ့ရာသီကတော့ခြေစွမ်းကျဆင်းခဲ့ပြီး တတိယတန်းကို တန်းမဆင်းရအောင်တောင် မနည်းရုန်းခဲ့ရ
ပါတယ်။ အဓိကအားနည်းချက်က ခံစစ်ပိုင်းဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက လိဂ်ပေးဂိုးက ၆၂ဂိုးအထိရှိခဲ့ပြီး အညံ့ဆုံးအသင်းစာရင်းတွေထဲ တစ်သင်းဖြစ်ခဲ့တာပါ။

ဒီရာသီမှာလည်း ခံစစ်ပိုင်းအတွက် ကစားသမားကောင်းကောင်းခေါ်ယူထားခြင်းမရှိတာမို့ ပေးဂိုးတွေ များနေဦးမှာပါ။ ဟာသာဘာလင်က ပြီးခဲ့တဲ့ရာသီဝက်နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြခဲ့ပြီး နိုင်ပွဲတွေရယူနိုင်ခဲ့သလို ဂိုးသွင်းအားလည်းကောင်းခဲ့ပါတယ်။ ရာသီကြိုခြေစမ်းပွဲတွေမှာလည်း ဂိုးသွင်းခြေစွမ်းကောင်းခဲ့တဲ့ ဟာသာဘာလင်အနေနဲ့ ရှော်ကေးကွင်းမှာလည်း ထိထိရောက်ရောက်ထိုးဖောက်နိုင်ဦးမှာ သေချာပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်း ၃ဂိုးနဲ့အထက်ပွဲတွေအဖြစ်များခဲ့သလိုပဲအခုပွဲကိုလည်း ဂိုးအပေါ်သာရွေးချယ်ချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *