Posted in

ဆွစ်ဇာလန်စူပါလိဂ်ပွဲစဉ် ဇူးရစ်-ဆီယွန်ပွဲကြိုသုံးသပ်ချက်

ထိပ်တိုက်ဆုံတွေ့မှုတွေမှာ ဂိုးထွက်ပေါ်မှုများခဲ့တာမို့ အခုပွဲလည်းဂိုးအပေါ်ပဲရွေးမယ်
Diamond Seven – Tipster
သောကြာနေ့ အကြိုက်ဆုံးအပိုင်တစ်ကွက်ကို ဆွစ်ဇာလန်စူပါလိဂ်ပွဲစဉ်ဖြစ်တဲ့ ဇူးရစ်-ဆီယွန်ပွဲကနေ ရွေးချယ်ပေးချင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက နှစ်သင်းစလုံး တန်းဆင်းပလေးအော့ဖ်ကစားခဲ့ရပြီး ကံကောင်းလို့ စူပါလိဂ်မှာဆက်လက်တင်ကျန်ရစ်ခဲ့တာပါ။ ဇူးရစ်ကဆွစ်ဇာလန်လိဂ်မှာ ဂိုးသွင်း / ဂိုးပေးကြမ်းလွန်းတဲ့အသင်းဖြစ်ပြီးပြီးခဲ့တဲ့ရာသီ လိဂ်နောက်ဆုံး ၁၀ပွဲမှာ ၉ပွဲက ၃ဂိုးနဲ့အထက်ပွဲတွေ
ထွက်ပေါ်ခဲ့တဲ့အထိပါပဲ။ ရာသီမတိုင်မီ ခြေစမ်းပွဲ ၆ပွဲ အထိ ကစားခဲ့ရာမှာလည်း ဂိုးမသွင်းနိုင်တဲ့ပွဲလုံးဝမရှိခဲ့ပါဘူး။ ဒါကြောင့် ရာသီအဖွင့်ပွဲစဉ်-၁မှာလည်း အိမ်ကွင်းမှာ ဆီယွန်ကို အနိုင်ရဖို့ တိုက်စစ်ဖွင့်ကစားလာမှာ သေချာပါတယ်။ ဆီယွန်ကလည်း မနှစ်က ခြေစွမ်းအတော်ညံ့ခဲ့ပြီး တန်းဆင်းဇုန်မှာ ရပ်တည်ခဲ့ရပါတယ်။ အဝေးကွင်းဆို ဂိုးမပေးရတဲ့ပွဲမရှိသလောက်ဖြစ်ခဲ့တဲ့ ဆီယွန်ရဲ့ ခံစစ်ပိုင်းကလည်းအားရစရာမရှိတာမို့ အခုပွဲမှာလည်း ရုန်းကန်ရနိုင်ပါတယ်။ ဒါပေမဲ့ ဂိုးပေးကြမ်းတဲ့
ဇူးရစ်ခံစစ်ကိုလည်း ဆီယွန် ၁ဂိုးလောက်တော့ ပြန်လှန်သွင်းနိုင်စွမ်းရှိနေဦးမှာပါ။ ထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်း ၃ဂိုးနဲ့အထက်ပွဲတွေ ထွက်ပေါ်ခဲ့တာမို့ အခုပွဲကိုလည်း ဂိုးအပေါ်သာ ရွေးချယ်ပေးချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *