အပြန်အလှန်သွင်းဂိုးတွေမြင်ရနိုင်ပြီး အနိမ့်ဆုံး ၃ဂိုးကစကြည့်ရနိုင်လို့ ဂိုးအပေါ်ရွေး
Diamond Seven – Tipster
ယခုတစ်ပတ် စနေညရဲ့ အကြိုက်ဆုံးအပိုင်တစ်ကွက်ရွေးချယ်မှုကိုအားလုံးစိတ်ဝင်တစားစောင့်ကြည့်ကြမယ့် စပါး-မန်ယူပွဲစဉ်ကနေ ရွေးချယ်ပေးချင်ပါတယ်။
စပါး
နောက်ဆုံး၂ပွဲဆက် နိုင်ပွဲပျောက်ခဲ့တယ်ဆိုပေမယ့် စပါးရဲ့ခြေစွမ်းက အဆိုးကြီးမဟုတ်ပါဘူး။ အဲဒီ ၂ပွဲလုံးမှာ ရစ်ချာလီဆန်၊ဇာဗီဆီမွန်နဲ့ ကိုလိုမူအာနီ တို့ တိုက်စစ်ပိုင်းက ထိရောက်တဲ့ဂိုးကန်ချက်တွေ အများကြီးလုပ်နိုင်ခဲ့ပြီးကံခေခဲ့လို့သာဂိုးမရဖြစ်ခဲ့တာပါ။ အိမ်ကွင်းဆိုရင်တော့စပါးတိုက်စစ်ပိုင်းက ဂိုးမရတဲ့ပွဲကခပ်ရှားရှားမို့ မန်ယူခံစစ်ပိုင်းကိုလည်း ထိထိရောက်ရောက်ထိုးဖောက်ဂိုးသွင်းနိုင်မှာ သေချာပါတယ်။ ကူဒက်စ်နဲ့ပေါ်လင်ဟာတို့လည်း ပြန်ကစားလာနိုင်ပြီမို့ စပါးတိုက်စစ်သိသိသာသာ ပိုကောင်းလာမှာပါ။
မန်ယူ
မန်ယူကနောက်ဆုံး ၄ပွဲမှာ ၃ပွဲနိုင်၊၁ပွဲသရေနဲ့ ရလဒ်တွေကောင်းလာခဲ့တယ်ဆိုပေမယ့်ခံစစ်ပိုင်းအမှားများပြီးဂိုးတွေလွယ်လွယ်ခွင့်ပြုနေရတာကိုတော့မပြင်ဆင်နိုင်သေးပါဘူး။ ပြိုင်ပွဲစုံ ၇ပွဲမှာ ၆ပွဲက၃ဂိုးနဲ့အထက်ထွက်ခဲ့တာမို့ မန်ယူပွဲစဉ်ဆိုအပြန်အလှန်သွင်းဂိုးတွေ အမြဲမြင်ရလိမ့်မယ်ဆိုတာအားလုံးအသိဖြစ်နေပါတယ်။ ဒါကြောင့်အခုအဝေးကွင်းမှာလည်း မက်ဂွိုင်းယား၊ ဒီလစ်တို့ခံစစ်ပိုင်းအနေနဲ့ စပါးတိုက်စစ်ကိုထိန်းချုပ်ဖို့ခက်ခဲနေဦးမှာပါ။အမ်ဗျူမို၊ ကန်ဟာနဲ့ ဆက်စ်ကိုတို့ရဲ့တိုက်စစ်ကတော့ ပုံစံကောင်းရလာပြီး ဂိုးပုံဖော်မှုအားကောင်းလာသလို အာမက်ထရာအိုရေးနဲ့ ဘရူနိုတို့ရဲ့ တောင်ပံ၊ ကွင်းလယ်တွေကထိုးဖောက်မှုတွေကလည်းထိရောက်တာမို့ စပါးကွင်းမှာ ခြေစွမ်းပြနိုင်ဦးမှာပါ။
ခန့်မှန်းချက်
နှစ်သင်းစလုံးရဲ့လက်ရှိခံစစ်၊ တိုက်စစ်အနေအထားတွေကြောင့်အပြန်အလှန်သွင်းဂိုးတွေမြင်ရနိုင်ပြီး အနိမ့်ဆုံး၃ဂိုးကစကြည့်ရနိုင်လို့ ဂိုးအပေါ်ရွေးထားချင်တယ်။
