SATURDAY ONE SHOT/ONE TARGET (Super Zay)
********************************************
ONE SHOT/ONE TARGET ဆိုတာ ဖွင့်လှစ်မှုနဲ့ ခြေစွမ်းအရ ဖြစ်နိုင်ခြေအရှိဆုံး ပစ်မှတ်ပွဲတစ်ပွဲကို ရွေးထုတ်တဲ့အစီအစဉ်လေးပါ။ ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေနဲ့ ဒီတစ်ပတ်မှာ စနေညအတွက် တစ်ကွက်ကောင်းကို တူရကီနဲ့ဘူလ်ဂေးရီးယားတို့ရဲ့ပွဲက ရွေးချယ်ထားပါတယ်။ စပိန်ပါတဲ့ အုပ်စုမှာ ဒုတိယနေရာ ရပ်တည်နေတဲ့အသင်းနဲ့ အောက်ဆုံးနေရာ(စတုတ္ထနေရာ)ရပ်တည်နေတဲ့အသင်းတို့ရဲ့
တွေ့ဆုံမှုလို့ ဆိုရင်လည်း မမှားပါဘူး။ တူရကီကတော့ ဒီပွဲနိုင်တာနဲ့ play-off ကန်ခွင့်ရမယ့် ဒုတိယနေရာ သေချာမှာပါ။
သူတို့အတွက် အုပ်စုနောက်ဆုံးပွဲက စပိန်နဲ့အဝေးကွင်းဆိုတော့ တူရကီအတွက် မဖြစ်မနေ နိုင်ထားရမယ့်ပွဲလည်း ဖြစ်နေတယ်။ အုပ်စုတွင်းမှာလည်းတူရကီဟာ စပိန်နဲ့ ၁ ပွဲပဲ ရှုံးပြီး ကျန်တဲ့ပွဲတွေ နိုင်ထားတာပါ။ ကျန်တဲ့ပွဲတွေမှာလည်း နိုင်ရုံတင်မဟုတ်ဘဲ အနိမ့်ဆုံး ၃ ဂိုးနှုန်းသွင်းနိုင်ခဲ့ပါတယ်။ အခုဧည့်ခံရမယ့် ဘူလ်ဂေးရီးယားကိုလည်း ပြီးခဲ့တဲ့လ ပ-ကျော့ အဝေးကွင်းမှာတောင်ဂိုးဒါဇင်ဝက် သွင်းထားတာပါ။
ဒါ့အပြင် တူရကီဟာ ခံစစ်ညံ့အသင်းတွေနဲ့ အိမ်ကွင်းဆိုလည်း ဂိုးမြူးတတ်ပါတယ်။ အိမ်ဖြည့်ဘူလ်ဂေးရီးယားကတော့ အုပ်စုတွင်းပွဲတိုင်းကို အနိမ့်ဆုံး၃ ဂိုးပြတ်နဲ့ ရှုံးထားတာပါ။ ဒါကြောင့်မို့လည်း တူရကီက အိမ်ကွင်းမှာ ၃+၆၀အကျေားပေးထားတာပေါ့။ အိမ်ကွင်းမှာလည်း အနိမ့်ဆုံး ၃ ဂိုးပြတ်နိုင်စွမ်းရှိတာကြောင့် စနေည တစ်ကွက်ကောင်းအဖြစ် တူရကီကို ရွေးချယ်ပေးလိုက်ပါတယ်။
ရွေးချယ်မှု – တူရကီ
