Posted in

D7 ရဲ့တနင်္ဂနွေညအကြိုက်တစ်ပွဲ

ဂိုးပေါင်းကြေးပြင်းပေမယ့် ၅ဂိုးဖြစ်ဖို့ခဲယဉ်းလို့ ဂိုးအောက်ပဲရွေးထားမယ်
Diamond Seven – Tipster
ယခုတစ်ပတ် တနင်္ဂနွေည အကြိုက်ဆုံးအပိုင်တစ်ကွက်ကို စပိန်လာလီဂါပွဲစဉ်ဖြစ်တဲ့ဗီလာရီးရဲလ်  –  ဘာစီလိုနာပွဲကနေ ရွေးချယ်ပေးချင်ပါတယ်။
ဗီလာရီးရဲလ်
ဗီလာရီးရဲလ်ကဒီရာသီမှာခြေစွမ်းပိုင်းတည်ငြိမ်နေပြီး  အဆင့်-၃  နေရာထိတောင်တက်လှမ်းထားနိုင်ပါတယ်။  ချန်ပီယံလိဂ်ကနေလည်းသေချာပေါက်ထွက်ရပြီမို့ လာလီဂါကိုဗီလာရီးရဲလ်အာရုံအပြည့်စိုက်ကစားနေတာလည်း သိသာပါတယ်။ အခုလိုမျိုး ရလဒ်တွေ ကောင်းလာခဲ့ရာမှာ ဂျူအန်ဖို့တ်၊ ဗိုင်ဂါနဲ့နာဗာရိုတို့ခံစစ်စွမ်းဆောင်ရည်ပိုင်းအဓိကကျခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။ဒီရာသီ
လာလီဂါနောက်ဆုံး ၁၂ပွဲမှာတစ်ဂိုးထက်ပိုပေးခဲ့ရတာဆိုလို့ ၂ပွဲသာရှိခဲ့သလို အိမ်ကွင်းမှာဆိုရင်လည်း ပိုလို့စွမ်းဆောင်ရည်ကောင်းတာ ထင်ရှားပါတယ်။ ဒါကြောင့် အခုပွဲစဉ်မှာလည်း ဘာစီလိုနာကို အိမ်ကွင်းမှာ ဂိုးမပေးရရေး ပိုမိုဦးစားပေးပြီး တန်ပြန်တိုက်စစ်တွေနဲ့ကစားလာဦးမှာပါ။
ဘာစီလိုနာ
ဘာစီလိုနာကဒီရာသီအိမ်ကွင်းခြေစွမ်းနဲ့အဝေးကွင်းခြေစွမ်းသိသိသာသာကွာဟနေပါတယ်။ လာလီဂါနောက်ဆုံး ၇ပွဲဆက်နိုင်ထားတယ်ဆိုပေမယ့် အဲဒီထဲမှာ အိမ်ကွင်းနိုင်ပွဲက ၅ပွဲအထိတောင် ပါခဲ့တာကိုကြည့်ရင်သိနိုင်ပါတယ်။ လီဝန်ဒေါစကီးနဲ့ ရာဖင်ဟာတို့ ဂိုးပေါက်ပျောက်နေသလိုလာမိုင်းယာမယ်ကလည်းအဝေးကွင်းဆိုထိုးဖောက်မှုတွေမှာ သိသိသာသာအားနည်းသွားပါတယ်။ ဒါကြောင့်အခု ဗီလာရီးရဲလ်ကွင်းမှာလည်းဘာစီလိုနာတိုက်စစ်ပိုင်း ရုန်းကန်ရဦးမှာပါ။
ခန့်မှန်းချက်
ဘာစီလိုနာက -၁၀ဝ ၊ဂိုးပေါင်းကြေး၄+၅၀ ဖွင့်လှစ်ထားပါတယ်။ အခုပွဲမှာ ဘော်ဒီထက် ဂိုးပေါင်းကိုသာ အဓိကထားရွေးပေးချင်ပါတယ်။ အိမ်ကွင်းဆို ဗီလာရီးရဲလ် ခံစစ်ကစားပုံမာကျောတာမို့ ဘာစီလိုနာသွင်းနိုင်ရင်လည်း၂ဂိုးထက်မပိုပါဘူး။ ဂိုးပေါင်းကြေးပြင်းပေမယ့်၅ဂိုးဖြစ်ဖို့ခဲယဉ်းလို့ ဂိုးအောက်ပဲရွေးထားမယ်။

Leave a Reply

Your email address will not be published. Required fields are marked *